2.7K 361 48
                                    

တဒီးဒီးမြည်နေတဲ့ ဖုန်းသံကြောင့် ကျွန်တော်နိုးလာတဲ့အခါ ညနေစောင်းကို ကျော်ပြီး အပြင်မှာအမှောင်က အတော်လေး ကြီးဆိုးစပြုနေလောက်ပြီဖြစ်သည်…။

"ဟယ်လို…"

"…"

"ဟုတ်…အမေ…"

ဒီအခြေအနေနဲ့ အိမ်မပြန်ချင်တာကြောင့် ဂျုံအင်တို့ အိမ်မှာ ညအိပ်ဖြစ်မယ်ပြောပြီး ဂျုံအင် ဆီကို လှမ်းကာ ဖုန်းဆက်ပြီးချိန်မှာတော့ အိပ်ရာဘေးကို သေချာ အာရုံစိုက်မိတော့တယ်…။အနည်းငယ်တွန့်ကြေနေတဲ့ ဘေးဘက်ကနေရာမှာ သူ့အငွေ့အသက်တွေ ကျန်ခဲ့လောက်ပေမယ့် သူကတော့ရှိမနေပါတော့ပါ။အပေါ်မှာ ခြုံထားတဲ့ စောင်ပါးကို လှပ်ကာ အိပ်ရာမှထလိုက်သည်…။
သူပြန်ဝတ်ပေးထားပုံရတဲ့ အင်္ကျိက ကြယ်သီးမတပ်ရသေးပေမဲ့ ကျွန်တော် ဂရုထားပြီး တပ်မနေတော့ဘူး…။လေတိုက်လို့ တလှပ်လှပ်လွင့်နေတဲ့ ခန်းစီစနဲ့ကာထားတဲ့ ဝရန်တာဘက်ကို ထွက်လာမိသည်…။
ဝရန်တာဘက်ရောက်တော့ နံရံကိုမှီကာ ခြေဆင်းထိုင်ပြီး စီးကရက်သောက်နေတဲ့သူ့ကို တွေ့ရသည်…။

"အစ်ကို…"

ကျွန်တော် လှမ်းခေါ်တော့မှ သူလှည့်ကြည့်သည်…။အနောက်မှာ လူတစ်ယောက်လုံးရောက်နေတာတောင် သတိမထားမိလောက်သည့် သူ့အတွေးတွေကို ကျွန်တော် သိချင်လိုက်တာ…

"နိုးပြီလား…"

သူ့ဘေးနား သွားထိုင်တော့ သောက်လက်စ စီးကရက်ကို ထိုးချေလိုက်ပြီး ကျွန်တော်တပ်ဖို့ သတိမရသေးသည့် ကြယ်သီးတွေကို ဂရုတစိုက်တပ်ပေးနေသည်…။
ညကတော်တော်လေးမှောင်ပါသည်…။လရောင်မရှိ မရှိမဲ့ရှိမဲ့ကြယ်လေးတွေကလည်း တိမ်တွေဖုံးထားတာ ခံနေရသည်…။
အမှောင်ထဲမှာ မပီဝိုးတဝါးမြင်ရတာတောင် သတိလက်လွတ် အသက်မရှုဘဲ ငေးနေမိအောင် သူက ပြည့်စုံနိုင်သေးသည်…။
အနီးကပ်မြင်နေရသည် သူ့နှုတ်ခမ်းကို လက်ညှိုးလေးနဲ့ ထိတွေ့မိတော့ သူပြုံးပြီး ကျွန်တော့်လက်ဖျားလေးကို ဆွဲယူကာ ဖျစ်ညစ်ထားသည်…။
ပြီးတော့ ကျွန်တော်တစ်ကိုယ်လုံးကို သိမ်းကြုံးပြီး ဖက်ထားတာ တော်တော်နဲ့ မလွှတ်တော့ဘူး…။

Darling~Where stories live. Discover now