2.8K 363 36
                                    

ညနေခင်းတွေကပိုပြီး ရင်ခုန်ချင်စရာကောင်းလာတယ်…။ကုမ္ပဏီနဲ့ မလှမ်းမကမ်းမှာ ရပ်ပြီးစောင့်နေတဲ့ သူ့ကိုတွေ့ရတဲ့ အခါမျိုးမှာပေါ့…။

"အစ်ကို…"

ကျွန်တော်လှမ်းခေါ်လိုက်တော့ မြေပြင်ကို ငေးစိုက်ကြည့်နေတဲ့ မျက်လုံးတွေက ကျွန်တော်ဆီရောက်လာသည်…။

"ရောက်နေရင် ဖုန်းဆက်တာမဟုတ်ဘူး…။"

"စောင့်နေရတာကို သဘောကျလို့…။"

ဘာရယ်မဟုတ် သူပြောလိုက်တာဆိုပေမယ့် ရင်ဘတ်ထဲ လှိုင်းကြပ်ခွပ်တွေ ထသွားသလိုမျိုး…ကြည်နူးမှုက တလဲ့လဲ့…။

"သွားရအောင်လေ…"

သူများသမီးရည်းစားတွေလိုမျိုး လက်ချင်းတွဲ လမ်းလျှောက်တာ မလုပ်ဖြစ်ပေမယ့်…မတော်တဆ လက်လွှဲရင် တိုက်မိသွားတဲ့ မွှေးညှင်းနုလေးတွေရဲ့အထိအတွေ့မှာတောင် ရင်ခုန်သံက ထိန်းမရချင်…။
တစ်ချက်တစ်ချက် သူကျွန်တော့်ဘက်လှည့်ပြီး စကားပြောတဲ့အချိန်နဲ့ ကျွန်တော်ခိုးကြည့်တဲ့အချိန် ဆုံသွားရင် ရှက်ရတာက သပ်သပ်ဖြစ်ပြီး ရင်ဖိုရတာက သပ်သပ်ဖြစ်သည်…။
ရှက်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး သူပြုံးပုံမျိုးကို မှန်ဘောင်လေးထဲထည့်ပြီး သိမ်းထားချင်သည်…။
ကျွန်တော်အနားမှာ သူရှိတဲ့ညနေခင်းတွေရောပေါ့…။
တိမ်မတောက်ပေမယ့် သိပ်လှတဲ့ ညနေခင်းတွေ…။

~~~~~~

"her lips…her lips… I could kiss them all day if she'd let me"

ဆိုင်မှာဖွင့်ထားတဲ့ Bruno Mars ရဲ့ သီချင်းကို လိုက်ညည်းနေရင်းနဲ့မှ သူ့နှုတ်ခမ်းတွေနဲ့တွဲမြင်ယောင်သွားတော့ ဘယ်သူမှမသိလိုက်ပေမယ့် ကိုယ့်အတွေးကိုယ်ပြန်ရှက်ကာ မျက်နှာပူလာရသည်…။
ပြောသာပြောရသည် ချစ်သူဖြစ်တာ သိပ်မကြာသေးလို့လားမသိ သူနှင့်ကျွန်တော် တစ်ခါမှ မနမ်းဘူးသေး…။
ကျွန်တော့်ကို အသည်းယားရင် လက်ဖျားတွေကို သူလက်နွေးနွေးနဲ့ ဆွဲညစ်ပြီး မထိတထိ ကိုက်ပစ်တာမျိုး…
ပါးတွေကို နီရဲနေသည်အထိ ဆွဲပစ်တာမျိုး…
ဆံပင်တွေကြားထဲ ခေါင်းနှစ်ထားတာမျိုးစသည့် အသည်းယားစရာ အပြုအမူများ မကြာခန လုပ်လေ့ရှိပေမယ့်
အနမ်းနှင့် ပတ်သက်လျှင်တော့ နှုတ်ခမ်းမပြောနှင့် ပါးကိုတောင် မနမ်းဘူးချေ…။

Darling~Where stories live. Discover now