P.A.I.N(part-16)Z×U

3.9K 362 25
                                    

တစ်ရွက်ပြီးတစ်ရွက် ကုန်ဆုံးသွားသော စာရွက်လေးတွေ
ကိုကြည့်ပြီး လူသေလို တစ်စက်ကလေးမှ မလှုပ်သော KyungSoo...

ရင်ထဲဆို့နစ်လာတဲ့ ခံစားမှုတွေကို အပြင်ကို ထုတ်ဖော်မပြနိုင်
ငိုချင်ပေမယ့်လည်း မျက်ရည်များကထွက်မလာ...

နောက်ဆုံးစာမျက်နှာလေးဖတ်ပြီးတာနဲ့ ပထမဆုံး မြင်ယောင်လာတာက JongIn ရဲ့မျက်နှာလေး...

ပထမဆုံး တွေးမိတဲ အတွေးက...
ဟန်ဆောငိထားတဲ့ JongIn...

သူ ဘယ်လောက်များနာကျင်နေလိုက်မလဲနေိာ...
လက်စားချေဖို့အတွက်.ကိုယ်မုန်းတီးနေတဲ့ သူကို
ချစ်ဟန်ဆောင်ဖို့...သူ.ဘယ်လောက်တောင် သည်းခံခဲ့ရမလဲ...

KyungSoo ရေ...မင်းဟာလေ...တော်တော် ညံ့တယ်နော်...
JongIn ရဲ့ အကြောင်းကို သိတယ်ဆိုပြီး သူဟန်ဆောင်တာကို
တော့ မသိဘူးတဲ့လား...ဟား ဟား ဟား...
မငိးက သူ့ဆီက ချစ်တယ်ဆိုတဲ့စကားလေးကြားရလို့....
သူ့ဆီက ဂရုစိုက်မှု ရတယ်ဆိုပြီး.ပျော်နေခဲ့တဲ့ အချိန်မှာ...
JongIn ဘယ်လောက်တောင် မုန်းတီးပြီး ရွံရှာနေမှာကို
မင်းမသိခဲ့ဘူးနော်...

KyungSoo ရေ KyungSoo...
မင်း...တော်တေိာ အသုံးမကျတဲ့ကောင်ပဲနော်..."

နာကျင်မှု
ဝမ်းနည်းမှု
အပြစ်တင်မှုတွေနဲ့ ရင်ထဲမှာ ဗြောင်းဆန်နေပေမယ့်...
သေလောက်အောင် နာကျင်ပြီး အော်ဟစ်ကာ ငိုချင်ပေမယ့်...
လက်တွေ့မှာတော့ မျက်ရည်တစ်ပေါက်တောင် ကျမလာချေ။

"JongIn yrrrr အခုကစပြီး...ဟန်မဆောင်ရအောင်
Hyung နေပေးမယ်....
Appa အစား...Hyung ပေးဆပ်မယ်...
JongIn လေးက အခုကစပြီး ကောင်းကောင်းနေနော်
JongIn စိတ်တိုင်းကျ hyung နေပေးမယ်...
လမ်းခွဲရင်လည်း...Hyung...လမ်းခွဲပေးမယ်..."

"သိတယ်မလား...Hyung ကလေ မင်းပျော်တာကိုပဲ
မြင်ချင်တယ်ဆိုတာ...."

~~~~~~~~~~~~
ရေပန်းမှ ထွက်ကျလာသော ရေများက ခေါင်းကနေ တစ်ဆင့်
ခန္ဓာကိုယ်ပေါ် နေရာယူထားသည်။

မွန်းကြပ်နေသော စိတ်များကို ပေါ့သွားမလားဟူသော
အတွေးနဲ့ ရေပန်းဖွင့်ထားပြီး ထိုအောက်မှာ ထိုင်နေလိုက်သည်။

"အား!!!!!!!!!!!!! မုန်းလိုက်တာ......
Do JingHun...ခင်ဗျားကို လက်စားချေရမှ ကျေနပ်မယ်...
ခင်ဗျားကြီးကြောင့်...ခင်ဗျားကြီးကြောင့်...
appa ဆူံးသွားရတာ...ခင်ဗျားကြီးရဲ့ ငွေမက်တဲ့ လောဘကြောင့်
Appa ဆုံးသွားရတာ...
Omma လည်း...ထိုစိတ်နဲ့ပဲ သေသွားရတာ....
ဟား ဟား.ဟား...ဒီတစ်ခါ ခင်ဗျားကြီး အလှည့်ပဲ...
ဒီတစ်ခါ ခင်ဗျားကြီး နာကျင်ရမယ့် အလှည့်..
ဒီလိုအချိန်ရောက်ဖို့ ၂ နှစ် နီးပါးစောင့်နေခ်ဲရတာ
၂ နှစ်အတွင်း လိမ်ညာဟန်ဆောင်နေခ်ဲရတာ..
နောက်ဆုံးတော့ ခင်ဗျားကြီး နာကျင်ရမယိ့အလှည့်ရောက်ပြီပဲ..."

P.A.I.N [Z×U]Where stories live. Discover now