P.A.I.N(part-8)Z×U

4.3K 368 28
                                    

လက်ထဲ က စာရွက်ကို ကြည့်ပြီး JongIn မည်သည့်
တုံ့ပြန်မှု မျှ မလုပ်နိုင်ပေ

စကား မပြောနိုင်တော့ဘူးတဲ့လား

ဘယ်တုန်းကတည်းကလဲ

သူနေမကောင်းဖြစ်တဲ့ အချိန်ကလား

ဒါမှမဟုတ် ဆေးရုံကို ရောက်နေတုနိးကလား

Hyung နဲ့ လက်ထပ်ထားတဲ့ သူ ဆိုပေမယ့် hyung နဲ့ပတ်သတ့်တာဆိုရင် ဘာမှ မသိတဲ့သူ

ထို့နောက် အရင်က မှတ်ဥာဏ်လေးတွေ
တစ်စတစ်စ ပြန်ပေါ်လာတော့သည်

"JongIn မင်း အရမ်းတော်ပါတယ် တဲ့လား

ဟုတ်တာပေါ့ ကျွန်တော်က အရမ်းတော်တဲ့သာတစ်ယောက်လေ

ကိုယ့်ကို အစစအရာရာ နားလည်ပေးတဲ့သူကို အပြစ်မြင်တဲ့သူလေ

ဒီအတောအတွင်း သူစကားမပြောနိုင်တာကိုတောင် မသိတဲ့သူ

ဒါတောင်အားမပေးနိုင်ပဲ ပြောလိုက်တ်ဲစကားက

ဟက်.....

Jongin ကိုင်ထားတဲ့ စာရွက်ကို ဆုက်ကိုင်ထားပြီး
မျက်ရည်များ သာ စီးကျစေလိုက်သည်

~~~~~~~~~~~~

JongIn လက်ထဲကို စာရွက်ထည့်ပေးပြီး အခန်းထဲ ရောက်ရောက် ချင်း Kyungsoo ရဲ့ ခြေထောကိအစုံ ခွေကျသွားလေသည်

"ဟက် JongIn မင်း ရက်စက်တက်မှန်း ငါမသိခဲ့ဘူး

ငါ မသိခဲ့တာလား မသိချင်ယောင်ဆောင်ခဲ့တာလား ဆိုတာတောင် မသဲကွဲတော့ဘူး.... ဟား ဟား

ဒါလည်း မဖြစ်နိုင်ပါဘူး
ငါ့ရဲ့ နှလုံးသားလေးကပဲ မင်းဘာလုပ်လုပ် အပြစ်မမြင်ခဲ့တာပဲ ဖြစ်မယိ"

အရူးတစ်ယောက်လုံး အတွေးပေါင်းစုံတွေးရင်း နာကျင်တဲ့ အပြုံး ဆင်မြန်းလိုက်သည်

ဘယ်လိုပင်  ပြုံးသော်လည်း  နှလုံးသားတစ်စုံရဲ့ နာကျင်မှုကိုတော့
ထို အပြုံးကနေ တစ်ဆင့် မြင်နိုင်သည်

ဆေးပိုက်ကို ဆွဲဖြုတ်ခဲ့လို့  နာကျင်နေတဲ့ လက်အစုံကို
ကြည့်ုပြီး မဲ့ပြုံးပြူံးလိုက်သည်

"JongIn မင်း ဟာ ဒီလိုပဲ ရက်စက်တက်လားလို့
မေးချင်တယ်

အရင်ကလည်း ဒီမြင်ကွင်းတွေကို မြင်နေကြ ဆိုတဲ့စကားကို ပြောရက်တယ်နော်

P.A.I.N [Z×U]Where stories live. Discover now