~~~~Death From Alive~~~~"တီချယ်တို့uniရဲ့ ထုံးစံအတိုင်း first semesterမဖြေခင်မှာ...
ကျောင်းသားတွေအကုန်လုံးကို လေ့လာရေးခရီးလိုက်ပို့ပေးလေ့ရှိတယ်...အရင်နှစ်တွေက နီးနီးနားနားနေ့ချင်းပြန်ပဲ
လုပ်ပေးပေမဲ့ အခုနှစ်မှာရက်ရှည်ခရီးရွေးထားကြတယ်..တီချယ်တို့ဆရာဆရာမတွေအားလုံးစုပြီးတိုင်ပင်မှုအရ ဒီနှစ်အတွက် အားလုံးကိုဂျယ်ဂျူဒိုကိုလိုက်ပို့ပေးဖို့ဆုံးဖြတ်
လိုက်ကြပြီ..""၀ါး....!!မိုက်တယ်"
"ကဲ..ကဲ....ခဏလေးတီချယ်ဆက်ပြောမယ်နော်
အခုက နွေဦးလည်းရောက်ပြီမို့..ဂျယ်ဂျူဒိုခရီးစဉ်ကို
ခရီးသွားအေဂျင်စီတွေကdiscountတွေချပေး
ကြတယ်လေ...
တီချယ်တို့က ကျောင်းသားအားလုံးကိုစည်းစည်းလုံးလုံးရှိအောင် ကားနဲ့ပဲသွားဖို့ဆုံးဖြတ်ထားတယ်...
ကားနဲ့ကလည်းဈေးအသက်သာဆုံးဖြစ်နေတာရယ်ကြောင့်ပေါ့...
မနက်ဖြန်ကစပြီးတီချယ်တို့လိုက်မဲ့ကျောင်းသား
စာရင်းတွေကို ဌာနတိုင်းရဲ့လက်ထောက်ကထိကတွေကကောက်ခံလိမ့်မယ်...ကားခကတစ်ယောက်ကို
ဝမ်၅သောင်း.....""အမလေး...."
"များလိုက်တာာ.."
"တီချယ်ရယ် အမေးဇင်း"
"အပျော်လေးတောင်ပျောက်တယ်.."
"၅သောင်းတောင်.."
တစ်ယောက်တစ်ပေါက် အာမေဍိတ်အသံများ...
"တီချယ်ပြောတာကိုလည်းဆုံးအောင်နား
ထောင်ပေးကြပါအုံး....တကတည်းဒီကလေး
တွေကတော့...ဒီမှာ..၀မ်၅သောင်းဆိုတာက..
မင်းတို့တည်းခိုခရယ် ကားခအသွားအပြန်ရယ်
နေ့ခင်းlunchအတွက်ရယ်ပါပါပြီးသား..
Discountဈေးက၀မ်၇သောင်း၉ထောင်ရှိတာ..
မင်းတို့ကို၅သောင်းပဲကောက်ပြီး
လိုတဲ့ပိုက်ဆံကို ဌာနရဲ့ရန်ပုံငွေရယ်..
ရှယ်ယာရှင်အချို့ရဲ့ငွေတွေနဲ့လုပ်ပေးကြမှာ..."
YOU ARE READING
~Death From Alive~||Completed||
Fanfictionတိုက်ရိုက်မပတ်သက်ရရင်တောင်..... သွယ်ဝိုက်သောနည်းလေးနဲ့ ပဲ... ငါပတ်သက်ချင်ပါတယ်Chan........ တိုက်ရိုက်မပတ်သက်ရရင်တောင်..... သွယ်ဝိုက်သောနည်းလေးနဲ့ ပဲ... ငါပတ်သက်ချင်ပါတယ်Chan........ __Chanbaek___