_SeVeN_(Zawgyi+Unicode)

4.1K 458 17
                                    


~~~~Death From Alive~~~~

"Byun baek....တိတ်လှချည်လား.....
Cafeဆိုင်မှာဘာဖြစ်လာလို့လဲ...."

သိသိသာသာပျက်ယွင်းနေသောမျက်နှာအား
Jong Daeသတိထားမိသွားသည်ထင်...

ကျနော်ဟန်ဆောင်နေတာမဟုတ်လို့ကြောင့်သာသူသိနေခြင်းဖြစ်ပါလိမ့်မည်....

Jong Daeရှေ့ရောက်ရင်...
ကျနော်လွတ်လွတ်လပ်လပ်ပဲနေချင်တာ...
ဟန်ဆောင်မှုတွေမပါဘဲနေပစ်လိုက်ချင်တာ...

ဒါတွေဟာ....
လွန်ခဲ့တဲ့ ၁၂နှစ်လောက်တည်းကပေါင်းခဲ့တဲ့
သူငယ်ချင်းတွေထက်....

တွေ့ ဖူးတာလပိုင်းလောက်သာရှိသေးသော....
Kim Jong Daeအားပိုတွယ်တာမိခြင်း၊ရင်ဖွင့်
ချင်ခြင်းဟာ......

ဘာ့ကြောင့်မှန်းကျနော်ကိုယ်တိုင်သိသည်။

Jong Daeသည်...ကျနော့်သူငယ်ချင်းတွေနဲ့
ကျနော်နဲ့ဆိုလျှင်...သူကျနော့်ကိုပိုခင်လိမ့်မည်

သူ၏အတန်းဖော်သူငယ်ချင်းကျနော့်အား
သူပိုခင်လိမ့်မည်။

ထို့သို့ထက်........
သူသည်...သူတစ်ပါးလျို့ဝှက်ချက်အား
ဘယ်တော့မှထုတ်ဖော်မပြောတတ်....

ဒါဟာကျနော်ကိုယ်တွေ့ပင်....။

အတန်းထဲက....
ကျောင်းသားအချို့သည်....
Jong Daeအား...သူတို့ခံစားရသမျှကို
ရင်ဖွင့်တတ်သည်

ထို့အတူ..
ကျောင်းသူများသည်လည်း...
ရင်ဖွင့်တတ်ကြသည်။

တစ်​ခါတစ်​ရံ..
မြားနတ်မောင်တောင်လုပ်ပေးသူကြီးရယ်ပါ...

ကျောင်းသားတစ်ယောက်က...
ကျောင်းသူတစ်ယောက်ပေါ်ထားရှိသော
ခံစားချက်ကိုထိုကျောင်းသားကမပြောနဲ့ဆိုလျှင်..ထိုကျောင်းသူမလေးအား
မပြောပြတတ်...

ကျောင်းသားအချင်းချင်းမကျေနပ်တာတွေပြောရင်တောင်သူက ချွန်တုံးလုပ်ခြင်းမရှိပါ....

~Death From Alive~||Completed||Where stories live. Discover now