_ElEvEn_[REAL](Zawgyi+Unicode)

4.6K 479 64
                                    


~~~~Death From Alive~~~~

🚨Attention 🚨
အပေါ်က mediaလေးကို volumeလေး 40ထားပြီး ဖတ်ပေးကြပါ..တိုးတိုးလေးပေါ့ဗျာ....အာ...
နားကြပ်နဲ့နော်.....
တောင်းဆိုပါတယ်ဗျာ...
ဖွင့်ဖတ်ပေးကြပါ😭😭

~~~~Death From Alive~~~~

"Dae...ငါခေါင်းမူးတယ်...."

"ဟုတ်လားbaekhyun...
ငါ့မှာလည်းရှူဆေးဘူးမပါဘူး....
အမူးပြေဆေးလည်းမပါဘူး....
ဘယ်လိုဖြစ်ရတာတုန်း.. .
မင်းက ကားတော့မမူးဘဲ..ရထားကျတော့...."

"ကားမူးမူး ရထားမူးမူး...
မူးခွင့်မရှိဘူးပြောထားလို့လားကွာ...
တကတည်း...မူးရတဲ့ကြားထဲ..အန်ချလိုက်ရ...ဟွင့်"

"Byun baek!!မင်းမညစ်ပတ်နဲ့နော်...ငါ...ငါ..
ငါရွံတတ်တယ်.."

နှာခေါင်းကိုလက်ဖြင့်ပိတ်ကာ...
ကျနော့်အားစနေသောအနှီJong Daeအား..
ကျနော်စိတ်မဆိုးမိ..
ကျနော်လည်းဝေဒနာသက်သာလိုသက်သာ
ငြား..သူစသမျှ followပြန်လိုက်ပေးနေခြင်း..

မျက်စောင်းတစ်ချက်ပိတ်ထိုးလိုက်ကာ...
ဘေးပြတင်းအားလှည့်ကြည့်တော့..
အရှိန်ဖြင့်သွားနေသောရထားနှုန်းကြောင့်..
မြင်နေသောမြင်ကွင်းတစ်ခုစီပုံရိပ်တစ်ခုစီသည်
ကျနော်နှင့်ဆန့်ကျင်ဘက်လမ်းများဆီကျန်ခဲ့ကြသည်။

ကျနော်ကချန်ခဲ့တာလား...
သူတို့ကနေခဲ့တာလား...

တစ်ခုမှမဟုတ် ...

ရထားသံလမ်းဘေးရှိ ပတ်​၀န်းကျင်​မှာအရင်အတိုင်းပင်ဖြစ်ကာ...
ကျနော်တို့စီးလာသောရထားလေးကသာ..
ခုတ်မောင်းလှုပ်ရှားနေခြင်းသာ...

ဒါဆို...

Chanနဲ့ကျနော်ဆိုရင်ရော....

သူကရထားလား...
ကျနော်ကရထားလား....

သူက သံလမ်းဘေးကပတ်ဝန်းကျင်လား...
ကျနော်ကသံလမ်းဘေးကပတ်ဝန်းကျင်လား..

~Death From Alive~||Completed||Where stories live. Discover now