Ep.7 ( Final Part.2 )

2.2K 120 12
                                    

🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄

မနက်​မိုးလင်း​တော့ Tiffany တစ်​ယောက်​အရင်​နိုးလာသည်​။သူမ​နောက်​ကျောဆီမှ သူရဲ့ရင်​ငွေ့​နွေး​နွေး​လေးကို ရ​နေတုန်းမို့ တစ်​ညလုံး သူတို့ ဒီအ​နေအထားနဲ့ အိပ်​ခဲ့တယ်​ဆိုတာ အထင်​အရှားပင်​..
သူရဲ့လက်​တွေက သူမခါးမှာမရှိဘဲ သူမလက် မောင်းတစ်​လျှောက်​ကို ဖက်​တွယ်​ထားတယ်​။

Tiffany သူရဲ့လက်​က​လေး​တွေကို ဆွဲယူပြီး သူမလက်​လေးနဲ့တိုင်းကြည့်​နေမိတယ်​...

* ha..ha.😄😄.​ယောက်ျား​လေး မလို့သာဆိုတယ်​လက်​လေး​တွေကလဲ​သေး​သေး​လေး.. . က​လေးလက်​လေး​တွေ ကျ​နေတာပဲ *

Tiffany သူမအ​တွေး​ကြောင့်​ပြုံး​နေမိတယ်​... ထိုအချိန်​Taeyeon ခန္ဓာကိုယ်​က လှုပ်​လာ​တော့
သူမ မျက်​၀န်း​တွေကို မှိတ်​ပြီး အိပ်​ဟန်​ဆောင်​နေလိုက်​သည်​။

Taeyeon မျက်​လုံးတို့ကို ဖြည်းဖြည်းချင်းဖွင့် လိုက်​တော့ ညကဖက်​ထားတဲ့အတိုင်း သူ့ရင်​ခွင်​ထဲမှာ အိပ်​ပျော်​နေဆဲဖြစ်​နေတဲ့ သူ့ရဲ့ဇနီး​လေးကို မြင်​လိုက်​ရတယ်​...Taeyeon သူ့ဇနီးရဲ့ပခုံးနုနု​လေးကို ဖွဖွလေးနမ်းလိုက်​တော့ Tiffany ကိုယ်​လေးတွန့်​သွားတာကို မြင်​ပြီး သူပြုံးလိုက်မိ​တယ်​..​နောက်​တော့ သူ အိပ်​ရာက အသာထလိုက်​ပြီး အပျင်း​ကြောဆန့်​လိုက်​ကာ ကုတင်​ပေါ်မှ ဆင်းလိုက်​သည်​။

Tae - " ခုထိ အိပ်​ရာက မထ​သေးဘူး​တော်​တော်​အိပ်​နိုင်​တဲ့ ၀က်​ပေါက်​လေးပဲ😉 "

Taeyeon ရေချိုးခန်းထဲဝင်​သွားမှ Tiffany ထလိုက်​ပြီး ....

Fany - "  Bowr.? ငါ့ကိုများ ၀က်​ပေါက်​တဲ့.!😒 သူကဖြင့်​လေတိုက်​ရင်​လဲမဲ့ရုပ်​နဲ့ လူက စက္ကူဖြူကျ​နေတာပဲ "
.
.
.
.
.
.
.
.
.
Tae - " aww....မင်းနိုး​နေပြီလား.? "

Taeyeon မျက်​နှာသစ်​ပြီး ထွက်​လာ​တော့ ကုတင်​ပေါ်မှာ ထိုင်​နေတဲ့ Tiffany ကို​မေးလိုက်​သည်​။

Fany - " နိုး​နေလို့ ထိုင်​နေတာ​ပေါ့ ရှင်​မမြင်​ဘူးလား.?😒 "

​ဘောက်​ဆတ်​ဆတ်​သူမအ​ပြော​လေး​ကြောင့်​Taeyeon အသဲယားလာတယ်​...

💖ကိုယ့်ရဲ့ ချာတိတ်​​လေး💖Where stories live. Discover now