Ep.4

1.1K 109 13
                                    


Tiffany အပေါ်တက်ရန် ဓါတ်လှေကားရှေ့တွင် ရပ်စောင့်နေစဉ်…

Suzy - " Hayy!!Tiffany ဒူးက ဒဏ်ရာက သက်သာရဲ့လား.? "

Fany - " omm သက်သာပါတယ် Suzy 😊 "

Suzy - " ဟိုလေ…ဟို Taeyeon ပစ်ချလိုက်တာရော တော်တော်နာသွားသလား.?😔 "

Fany - " အဲ့ဒီတစ်ယောက်အကြောင်း မပြောနဲ့ မကြားချင်ဘူး "

Suzy - " အေးပါဟယ် မပြောတော့ပါဘူး "
.
.
.
.
.
ထိုစဉ် တစ်ဖက်ရှိ VIP ဓါတ်လှေကားတံခါး ပွင့်သွားပြီး Taeyeon နဲ့အတူ သူ့နောက်မှ company အရာရှိများ ထွက်လာကြသည်။

Suzy - " Tiffany မြင်လိုက်တယ် မဟုတ်လား "

Fany - " အေး မြင်တယ် "

Suzy - " ဘာတွေလဲဟ ငါတော့နားမလည်တော့ဘူး နင့်ပုံစံကြည့်ရတာလဲ ဘာမှ မအံ့သြသလိုပဲ "

Fany - " အံ့သြစရာမှ မရှိတာ Fany က အစကတည်းက သိသားပဲ သူ့ပုံစံက နဂိုကတည်းက မြောက်ကြွကြွနဲ့ 😒😒"

Suzy - " ဘယ်လို.??? "

Fany - " အခု ငါတို့သိထားရမှာက ငါတို့ရဲ့ company ပိုင်ရှင်က Kim Taeyeon ပဲ "

Suzy - " ဟင်😱😱😱 "

____________________________

ဝန်ထမ်းများ ကိုယ့်စားပွဲ ကိုယ်ထိုင်ကာ အလုပ်လုပ်နေကြသည်။ထိုစဉ် ဋ္ဌာနအတွင်းသို့ Taeyeon နဲ့အတူ အနောက်မှ အရာရှိကြီးများ ဝင်လာကြသည်။Taeyeon က ဝန်ထမ်းများကို ပြုံးပြလိုက်ရင်း……

Tae - " ကျွန်တော်က ဒီ company ပိုင်ရှင် Kim Taeyeon ပါ😊😊 "

All - " yeah.???😱😱😱 "

Tae - " အားလုံးအံ့သြသွားကြမယ်လို့ ထင်ပါတယ် အခြေအနေအရ ခင်ဗျားတို့နဲ့အတူ ဒီဋ္ဌာနမှာ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ် ခင်ဗျားတို့ တကယ် ကြိုးစားကြပါတယ် ရှေ့လျှောက်လဲ  ဘာအခက်အခဲပဲရှိရှိ ကျွန်တော့်ကို ပြောပါ အကောင်းဆုံးနည်းနဲ့ ဖြေရှင်းပေးပါ့မယ် အရေးကြီးဆုံး ပြောချင်တာကတော့ အလုပ်အပေါ်မှာ သစ္စာရှိပေးဖို့ပါပဲ "

All - " Nae "

Taeyeon က ပြောပြီး Tiffany ကို လှမ်းကြည့်လိုက်ရာ သူမဆီမှ မျက်စောင်းလှလှလေး တစ်စုံကို သူရရှိလိုက်သည်။ သူမရဲ့ ကလေးဆန်တဲ့ အပြုအမှုကြောင့် Taeyeon ရယ်ချင်စိတ်တို့ကို ထိန်းလိုက်ရသည်။

💖ကိုယ့်ရဲ့ ချာတိတ်​​လေး💖Where stories live. Discover now