Ep.1

3.7K 142 20
                                    

အောက်ထပ်မှ Appa နဲ့ Omma...
စကားများနေကြသည်ကို ခိုး၍နားထောင်ရန် ဧည့်ခန်းဆီသို့ " Tiffany Hwang "
ဆိုတဲ့ ကောင်မလေးချဉ်းကပ်လာတယ်...

Mrs.H - " သမီးက ငယ်ပါသေးတယ်
ကိုရယ် "

Mr.H - " မင်း ဒီလိုပြောလို့မရဘူးလေ ငါတို့မရှိတော့ရင် သမီးလေးက သူတစ်ယောက်တည်း
ကျန်ခဲ့မှာ အသက်ပဲ နှစ်ဆယ့်တစ်နှစ်ကျော်နေပြီ
ကလေးလိုလို ဘာလိုလိုနဲ့ "

Mrs.H - " ဒါကတော့ရှင် "

Mr.H - " မင်း ဘာမှ မကာကွယ်နဲ့ ခုတော့ကွာ
မင့်သမီး လုပ်ပုံက ကိုယ် စာသင်ပေးရမယ့်ကလေးနဲ့
အတူတူ ဂိမ်းဆော့သတဲ့..ကလေးက မနက်ဖြန်စာမေးပွဲ စာလည်းဘာမှမရသေးဘူးတဲ့ "

Mrs.H - " ဒါကတော့ ကလေးက ကျက်ရမှာပေါ့
သုံးတန်းပဲ ရောက်နေပြီ "

Mr.H - " မင့်သမီးက စာသင်ဖို့သွားတဲ့ဆရာမကွ
တော်သေးတာပေါ့ " Kim Yul " နဲ့ ခင်နေလို့
ဘာမှ မပြောတာ ကိုယ့်ကလေး မတိုးတက်တာ ဘယ်သူက ကြိုက်မှာလဲ.? တော်ပြီ !! နောက်နေ့က
စပြီး မသွားခိုင်းနဲ့တော့ "

Mrs.H - " ကောင်းတာပေါ့ရှင် သမီးလေးပျော်သလို နေပါစေ "

Mr.H - " မဖြစ်ပါဘူး ဒီကောင်မလေးကို ရင့်ကျက်
လာအောင် အခုကစပြီး ငါကိုယ်တိုင် ကိုင်တွယ်မယ်
မင်းသာ ဝင်မပါနဲ့ "

Mr.Hwang က ပြောပြီး company သို့
ထွက်သွားလေတော့သည်။ Tiffany က တစ်ဦးတည်းသော သမီးဖြစ်တာမို့ ဆိုးချင်တိုင်းဆိုး
သည်။Appa နဲ့ Omma ပြောတာတွေ နားထောင်ပြီး Tiffany ခြေကို ဆောင့်ကာ အပေါ်
ထပ်သို့ တက်သွားလေသည်။

>>>>>>> skip <<<<<<<<

Sun - " ဟေ့ Fany ဘာတွေမှိုင်နေတာလဲ.? "

Fany - " Appa လေ အခုတလော ထူးဆန်းနေ
တယ် ငါ့မွေးနေ့ပြီးကတည်းက ငါ့ကို အလုပ်လုပ်စေ
ချင်တော့တာပဲ "

Sun - " နင့်ကို ရင့်ကျက်စေချင်လို့ ဖြစ်မှာပေါ့ "

Tiffany အလုပ်မလုပ်ချင်သေးပါ ...မိဘရင်ခွင်ထဲ
ခေါင်းတိုးဝင်ပြီး ဆိုးနွဲ့ချင်သေးသည်။
ထိုအကြောင်းကိုတွေးမိတိုင်း စိတ်ရှုပ်ထွေးလာသည်။

Fany - " ပြန်ရအောင် Sunny ya
coffee ဆိုင် ထိုင်ချင်စိတ်တောင် မရှိတော့ဘူး "

💖ကိုယ့်ရဲ့ ချာတိတ်​​လေး💖Where stories live. Discover now