အပိုင်း ၃၃ / ၃၄

338 30 0
                                    

ဟယ်လို မစ္စတာ ကျိုး

အပိုင်း ၃၃





ကျန်းရှောင်က မောပန်းနွမ်းနယ်နေပြီး သဘောတူညီတဲ့ အသံတစ်ခု ထုတ်ကာ ရေရွတ်လိုက်သည်။ "ကျိုးရှို့လင်း​၊ ကျွန်မ အဲဒီညကသာ မထလာခဲ့ရင် ကျွန်မတို့ တွေ့ဆုံကြမှာ မဟုတ်ဘူး။ ကျွန်မ အဲဒီတုန်းက ရှင့်ကိုလျစ်လျူရှုခဲ့မယ်ဆိုရင် ကျွန်မတို့လမ်းမှာ ဘယ်တော့မှ ဆုံမိကြမှာ မဟုတ်ဘူး"

ကျိုးရှို့လင်း သူမရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။ "ဒါကို ဘယ်သူပြောလဲ။ မင်း ဟွားရှ မှာရှိနေတာပဲလေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဆုံတွေ့လာမှာပဲ "

ကျန်းရှောင် သူ့ကိုယ်သူ တွေးလိုက်သည်။ ဒါပေမယ့် ရှင်က ကျွန်မနဲ့ သေချာပေါက် ရှိနေမှာမဟုတ်ဘူး။

သူမ အိပ်ပျော်သွားသည်ကို မြင်လိုက်ရသဖြင့် သူ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

နောက်နေ့မနက်မှာတော့ ကျိုးရှို့လင်းက မနက်စာတစ်ချို့ကို deliver မှာထားပြီး ကျန်းရှောင် အတွက် ဆန်ပြုတ်ပန်းကန်တစ်လုံး ဖြည့်ပေးခဲ့သည်။ သူမ အဲ့တာကို ယူဖို့ကြိုးစားတော့ သူက ယူခွင့်မပြုခဲ့ပေ။

ကျန်းရှောင် ရေရွတ်လိုက်သည်။ "ကျွန်မရဲ့ လက် ဒဏ်ရာရထားတာ မဟုတ်ဘူး။ ဟေး ကျွန်မကို ဘာလို့ခွံ့ကျွေးနေတာလဲ။ ကျွန်မ ကလေးမဟုတ်ဘူးနော်"

ကျိုးရှို့လင်းက ဆန်ပြုတ်ပူပူကို မှုတ်ပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ "ကိုယ်က ဘာလို့ မင်းကိုခွံ့ကျွေးရမှာလဲ။ သေချာပေါက် ကိုယ့် ရဲ့ အဖိုးတန်လေးအတွက် ခွံ့ကျွေးတာပါ "

ကျန်းရှောင် လျင်မြန်စွာ တိတ်ဆိတ်သွားခဲ့သည်။ သူမ တစ်ခုခုပြောလိုက်ရင် ကျိုးရှို့လင်းက သူမရဲ့ အဓိကအချက်ကို ဖြတ်ကျော်ပြီး သူ တစ်ခုခုပြောမိလာမှာကို သူမ ကြောက်သည်။

ဒီလူ အလေးအနက်ထားသင့်တာ မဟုတ်ဘူးလား။  သူမ ကြက်သားဆန်ပြုတ်ကို သောက်လိုက်သည်။ ဆန်ပြုတ်က မွှေးပြီးပျစ်နှစ်နေကာ စားချင်စိတ်ကို နှိုးဆွပေးခဲ့သည်။

ကျိုးရှို့လင်းက သူမအတွက် နောက်ထပ် ပန်းကန်လုံးတစ်ဝက် ထည့်ပေးခဲ့သည်။

Hello မစ္စတာကျိုး (ဘာသာပြန်)Where stories live. Discover now