အပိုင်း ၁၈

488 44 0
                                    

Unicode

ဟယ်လို မစ္စတာ ကျိုး

အပိုင်း ၁၈


ထိုအချိန်၌ တံခါး အဆက်မပြတ် ခေါက်နေတဲ့အသံက ထွက်ပေါ်လာခဲ့သည်။

ဒေါက်..ဒေါက်...ဒေါက်....

ကျိုးရှို့လင်း စကားပြောဖို့လုပ်စဥ် ကျန်းရှောင်က မီးပုံးပျံတစ်လုံးလို လေလျော့သွားသည်။  "ကိုယ် သွားဖွင့်လိုက်မယ်"

ကျိုးရှို့လင်း ရုတ်တရက် သဘောကျစရာကောင်းတာကို တွေ့လိုက်ရပေမယ့် သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့သည်။  ကျန်းချင်၊ အိုး၊ သူ  အချိန်မှားပြီးတော့ မရောက်လာနိုင်ပါဘူး။

သေချာတာကတော့ တံခါးဖွင့်လိုက်တာနဲ့ ကျန်းချင် ပါပဲ။

"မစ္စတာ ကျိုး "  ကျန်းချင် တံခါးဝသို့ ဝင်လာပြီးနောက် သူ့အကြည့်က ကျန်းရှောင်ဆီ ရွေ့သွားကာ သူ့နှုတ်ခမ်းတွေက ယဉ်ကျေးပြီး တည်ငြိမ်တဲ့ အပြုံးဖြင့် ကွေးသွားသည်။  "မဒမ်"

မဒမ်...

ကျန်းရှောင်ရဲ့ မေးရိုးတွေ ပြုတ်ကျလုနီးပါးဖြစ်သွားပြီး သူမ၏ မျက်နှာက ရှော့ရမှုနှင့် ပြည့်နှက်နေခဲ့သည်။  "လက်ထောက် ကျန်း "

"မဒမ်၊ မဒမ်အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ"  ကျန်းချင် ယဉ်ယဉ်ကျေးကျေးနဲ့ ချောမွေ့စွာ မေးလိုက်သည်။

ကျန်းရှောင်က နှုတ်ခမ်း ကိုက်လိုက်သည်။ "အရင်ကလို ကျွန်မနာမည်ပဲ ခေါ် "

ကျန်းချင် အတော်လေး ချီတုံချတုံ ဖြစ်နေသည်။

သူတို့ကို တချိန်လုံး စောင့်ကြည့်နေတဲ့ ကျိုးရှို့လင်းက သူတို့နှစ်ယောက်ကို အထူးသဖြင့် ကျန်းချင်ကို စိုက်ကြည့်နေသည်။  " ၈နာရီခွဲ လို့ ပြောထားတာ မဟုတ်လား။  အခုမှ ၈နာရီ ၉မိနစ် ပဲရှိသေးတယ်"

ကျန်းချင် ပြုံးလိုက်သည်။  "ကျွန်တော် ကားလမ်းပိတ်မှာ ကြောက်လို့ နည်းနည်းစောထွက်လာခဲ့တာ။ မစ္စတာ ကျိုး၊ ကျွန်တော် ရှေ့ကနေဦးဆောင်ပြီး မဒမ် နဲ့လိုက်သွားပါ့မယ်"

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။

ကျန်းရှောင် - "........"

Hello မစ္စတာကျိုး (ဘာသာပြန်)Where stories live. Discover now