အပိုင်း (၁၄၉)

5K 694 8
                                    

အပိုင်း (၁၄၉) လဲ့ရှီ၏ အရိပ်ကဲမသိတတ်မှု

"လာပါ အိမ်ထဲအရင်ဝင်ပြီးမှ အေးအေးဆေးဆေးပြောရအောင် ရပ်နေရတာ ပင်ပန်းတယ်မလား"

ဤသို့ဖြင့် ပိုင်လီက လွယ်လွယ်ကူကူလက်ခံလာသောအခါတွင် လဲ့ရှီနှင့်ရှောင်မိသားစုက အံသြသွားခဲ့ကျသည်။

သူတို့က ပိုင်လီငြင်းလာပြီး သူတို့ကို ဒေါသနဲ့ပြန်ပြောလာခဲ့ရင် မိသားစုလိုက် လူတွေရှေ့မှာ ဒူးထောက်တောင်းပန်ဖို့တောင် ပြင်ဆင်လာခဲ့ကျတာလေ။ ဒါပေမယ့် သူတို့က စကားအနည်းငယ်ပဲ ပြောရသေးတယ် ပိုင်လီက သူတို့ကို ခွင့်လွတ်လိုက်ပြီတဲ့လား။ အဲလောက်တောင် လွယ်တယ်ပေါ့။

တကယ်တော့ အံသြသွားကျရတာက ရှောင်မိသားစုတင် မဟုတ်ပါချေ။ ဘေးကနေ ပွဲကြည့်ချင်လို့ စောင့်နေတဲ့ အားယားနေတဲ့ ရွာသားတချို့ကလည်း ပိုင်လီရဲ့ အလွန်လွယ်ကူတဲ့ သဘောထားကိုတွေ့တော့ အံသြခဲ့ကျရတာပါ။

သူတို့က ပွဲအကြီးကြီးတွေ့ရမလားလို့ စောင့်နေပေမယ့် ဤသို့ လွယ်လွယ်လေးပြီးသွားသောအခါ ဘာပြောရမှန်းပင် မသိကျတော့ပေ။

ဒါပေမယ့် တချို့တွေကတော့ ဒီအတွက် သူတို့အမြင်တွေကို ထုတ်ပြောလာခဲ့ကျပါတယ်။

"ငါက အစကတော့ ရှောင်မိသားစုကို မှားတယ်လို့ထင်မိခဲ့ပေမယ့် အခုလို နောင်တရပြီဆိုတော့လည်း ပိုင်လီ ခွင့်လွတ်တာက ဖြစ်သင့်တာပါပဲ နောက်ဆုံးမှာတော​ သူတို့က မိသားစုတွေပဲလေ"

"ဟုတ်တယ် ရှောင်မိသားစုက ရုံးတော်ကပေးတဲ့ အ​ပြစ်ကို ခံပြီးသွားပြီ တွေးကြည့်ရင် အဲဒီတုန်းက သူတို့လိုချင်ခဲ့တဲ့ပမာဏက ပိုင်လီရဲ့ လက်ရှိကြွယ်မှုနဲ့ယှဥ်ကြည့်ရင် စကားထဲတောင် ထည့်ပြောဖို့မလိုတော့ပါဘူး သူတို့ရသွားတာလည်း မဟုတ်တာကို သူတို့တွေ ပြန်ပြေလည်တာက ကောင်းပါတယ်"

ဒီလူတွေသည် ဘေးလူ၏အမြင်ပုံစံနှင့် ဝင်ပြောလာကျတာဖြစ်သော်လည်း ရှောင်အိမ်ဘက်သို့ မသိမသာနှင့် ဘက်လိုက်နေတာပင်။

ဒီအတွက်လည်း လဲ့ရှီက တမင်စီစဥ်ထားခဲ့တာပါ။ ကြည့်နေတဲ့ လူအုပ်ကြားက လူတချို့မှာ သူမငွေပေးပြီး လူတွေရဲ့ရှောင်အိမ်အပေါ် အမြင်ပြောင်းလာအောင် စကားပြောပေးဖို့ စေခိုင်းထားသူတွေ ပါဝင်နေတာလေ။ ဒါပေါ့ ဒီအတွက် သူမက နှုတ်လုံတဲ့သူတွေနဲ့ ပိုင်လီအပေါ် အမြင်မကြည်တဲ့လူတချို့ကို သေချာဂရုတစိုက် ရွေးထားခဲ့ရတာဖြစ်သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDonde viven las historias. Descúbrelo ahora