ရှောင်အိမ်၏တောင်းပန်လာမှု

4.9K 653 11
                                    

အပိုင်း (၁၄၈) ရှောင်အိမ်၏တောင်းပန်လာမှု

နောက်တစ်နေ့မနက်ခင်းတွင် ပိုင်လီပြောခဲ့သည့်အတိုင်းပင် ရှောင်အိမ်ကလူတွေ ရောက်လာခဲ့ကျပြီး သူတို့က တောင်းပန်ချင်သည်ဟု ဆိုလာခဲ့၏။

သူတို့ရောက်လာတဲ့အချိန်က ပိုင်လီတောင် အိပ်ယာထကာစပဲရှိသေးပါတယ်။ အသေးလေးတွေဆို အိပ်နေတုန်းပဲ။

ပိုင်အဖေနှင့်ပိုင်အမေသည် ရှောင်မိသားစုကို အိမ်ထဲသို့ ချက်ခြင်းမဖိတ်ခေါ်ခဲ့သဖြင့် ၎င်းတို့နှင့် ပိုင်အိမ်အပြင်ဘက်မှာ စကား​ပြောရပြီး ပိုင်လီတို့ရွာပြန်ရောက်ထဲက အခြေနေကို စပ်စုနိုင်ဖို့ ချောင်မြောင်းနေသည့် ရွာသားတချို့ကလည်း ပိုင်အိမ်၏အပြင်ဘက်တွင် ပွဲကြည့်ရန် အလျှင်မြန်ရောက်လာခဲ့ကျလေသည်။

ပိုင်လီနဲ့ရှောင်ဟန်တို့ ရှောင်မိသားစု ရောက်နေတယ်လို့ သတင်းကြားလို့ ထွက်လာတော့ ဒီစကားတွေကိုကြားလိုက်ရတာပါ။

"အမကြီးမော့ ကျွန်မတို့ကို မကျေမနပ်ဖြစ်နေသေးမှာကို သိပါတယ် ကျွန်မတို့ ရုံးတော်က အပြစ်ပေးတာကို ခံရပြီးပေမယ့်လည်း အမကြီးတို့ မကျေမနပ်ဖြစ်နေသေးသင့်ပါတယ်လေ ကျွန်မတို့ကလည်း မှားခဲ့တာကိုး "

လဲ့ရှီကပြောရင်းဖြင့် ငို၍နေ၏။ သူမက သူမဘာသာမရပ်နိုင်တဲ့ပုံနဲ့ ရှောင်ရုံဟွာကို မှီတွဲထားရရင်း မျက်ရည်တွေကို တုန်ယင်ယင်ဖြင့်သုတ်နေလေသည်။

ထို့နောက် ဆက်ပြောလာခဲ့သည်မှာ...

"ဒါကြောင့်လည်း...ဒါကြောင့်လည်း ကျွန်မတို့တောင်းပန်ဖို့လာခဲ့တာပါ"

မော့ဟွာမှာ လဲ့ရှီက သူမအား အမကြီးဟုခေါ်လာသဖြင့် အလွန်စိတ်တိုသွားရပြီး သူမက ချက်ခြင်းပြန်အော်လိုက်တော့၏။

"ဘယ်သူက နင့်ရဲ့အမကြီးလဲ! ငါ့မှာနင့်လိုညီမမျိုး မရှိဘူးဟဲ့! "

ဒီအချိန်မှာ ပိုင်လီတို့ရောက်လာခဲ့တာဖြစ်ပြီး ပိုင်လီက ဒေါသထွက်နေသည့်ပိုင်အမေကို ဆွဲလိုက်၍ ပြောလိုက်လေသည်။

"အမေ ဒေါသမထွက်ပါနဲ့ ဒါကိုကျွန်တော်နဲ့ပဲထားခဲ့လိုက်တော့ ဟုတ်ပြီလား ရီအာလေး ငိုနေဦးမယ်လေ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now