အပိုင်း(45)Final

2K 123 3
                                    

''ကိုယ့်အမှားပါကွာ.ကိုယ့်ကြောင့်ရာရာအခုလိုဖြစ်ရတာ''

''ပါး...မားမားကဘာဖြစ်တာရဲဟင်''

''သားသား..မင်းရဲ့မားမားကပါးကြောင့် ခုလိုဖြစ်ရတာသားရဲ့''

သုံးနှစ်အရွယ်သားလေးကိုကြည့်ပြီးခါရူးဝမ်းပန်းတနည်းရေရွတ်မိသည်။သားကလဲမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ ခါရူးပြောသမျှကိုလိုက်ကြည့်နေသည်။

အရာရာဖြစ်ပျက်ပြီးတာသုံးနှစ်တောင်ကြာပါကောလား။သားသားတောင်ခုဆို ၃နှစ်ပြည့်ပြီ။တွေးကြည့်လိုက်ရင်အရာအားလုံးမနေ့တနေ့ကလိုပဲ လို့ထင်မိသည်။

''ကဲ..သခင်ဘာဖြစ်လို့ အခုလိုအော်ဟစ်နေရတာလဲ မသိရင်မိုရာတစ်ခုခုဖြစ်တဲ့အတိုင်းပဲ''

''ဟင်..ရာရာ..ဖြည်းဖြည်း လာခနနေဦးကိုယ်လာခေါ်မယ်''

မွေးခါနီး ဖြစ်နေတဲ့ဗိုက်ကလေးကိုထိန်းရင်သားအဖနှစ်ယောက်ဆီကိုလှမ်းလာနေတဲ့မိုရာ့ကြောင့်ခါရူးအပြေးလှမ်းထိန်းပြီးဘေးကနေဖြည်းဖြည်းချင်းတွဲလျှောက်ပေးနေ
ရသည်။သူ့ခမျာ လူကသေးသေး ဗိုက်ကအဆမတန်ရှေ့ထွက်နေတာ့ တစ်လှမ်း နဲ့တစ်လှမ်းကိုမနည်းလျှောက်နေရရှာသည်။

''ကဲ ပြောပါဦး ဘာတွေလျှောက်ပြောနေတာလဲသားသားကို...''

ဗိုက်ကြီးသည်သေးသေးလေးကို ထိုင်ခုံမှာထိုင်ခိုင်းလိုက်တော့သားသားကပါမိုရာ့အနားကိုလာပြီး မိုရာ့ရဲ့ဘေးမှာငုတ်တုပ်လေးလိုက်ထိုင်သည်။

''ဟူးး..ကိုယ့်ကြောင့်လေ အခုမိုရာ့မှာ ဘယ်မှလဲသွားမရဘူး သားသားတုန်းကတောင်အဲ့လောက်ဒုက္ခမများဘူးလေ..အခုကျ ကိုယ်ဝန်စရှိပါပြီဆိုထဲက ဘာဆိုဘာမှလဲစားမဝင် ရေတောင်သောက်လို့မရဘူးလေဘာစားစားအကုန်ပြန်အန်ထွက်နေတာ...ဒီကြားထဲ အမြဲအိပ်ရာထဲမှာပဲအချိန်ကုန်နေရတာလေ''

ခါရူးပြောတာဟုတ်တော့လဲဟုတ်သည်။သားသားတုန်းကလဲကိုယ်ဝန်လက္ခဏာတွေခံစားရတယ်ဆိုပေမဲ့အခုလောက်မဆိုးပေ။အခုကိုယ်ဝန်ကျတော်တော့်ကိုသည်းခံရသည်။မနက်မိုးလင်းထဲကမူးဝေနေတဲ့ခေါင်းကြောင့်ဘာဆိုဘာမှလုပ်ချင်စိတ်မရှိ။အစားကျလဲဘာမှမစားနိုင်လူမမာကြီးလိုပဲ အိပ်ရာထဲမှာသာအချိန်ကုန်နေရတာများသည်။ဒါပေမဲ့ ဒီကလေးလေးတွေက သခင်နဲ့မိုရာရဲ့ရင်သွေးလေးလို့တွေးလိုက်တာနဲ့ခံစားနေရတဲ့ဝေဒနါတွေကသက်သာသွားတတ်စမြဲပင်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now