''မင်း ခုနကဘာပြောလိုက်တာ..က..ကလေးပျက်ကျတယ်ဟုတ်လား''
''အိုးးတကယ်ကြီးသခင်ကသခင်မကိုပြောမပြထားတာပဲ''
''ငါမေးနေတာကိုသာဖြေစမ်းပါ အပိုစကားတွေမပြောနဲ့...''
''ဟုတ်တယ် သခင်မချော်လဲတော့ဆေးဆရာကစမ်းသပ်ပြီးပြောတာ သခင်မရဲ့ကိုယ်ဝန်ပျက်ကျသွားတယ်တဲ့ လနုသေးတော့ပိုပြီးပျက်ကျလွယ်တာကြောင့် ကလေးကိုကယ်လို့မရနိုင်ခဲ့ဘူးလေ''
အစ္စလီရဲ့စကားအဆုံးမိုရာခြေထောက်တောင်မခိုင်တော့ပဲခွေယိုင်ကျသွားရသည်။ကလေးပျက်ကျတာတဲ့ သခင်ပြောတော့ သားမွေးတုန်းကဒဏ်ရာကိုထိခိုက်မိတာပြင်းထန်လို့သွေးဆင်းတာပါဆို။အာ့တာကြောင့်မို့လို့ မိုရာစိတ်ထဲတစ်ခုခုကိုဆုံးရှုံးသွားရသလိုခံစားနေရတာလား။ကလေးလေး ပျက်ကျသွားလို့ပေါ့လေ။
မထင်မှတ်ပဲရခဲ့တဲ့ကလေးလေး ရှိမှန်းတောင်မသိလိုက်ရတဲ့ကလေးလေးက အခုတော့မိုရာ့ကိုအပြီးအပိုင်ခွဲ သွားပြီတဲ့ မိုရာမျက်ရည်တွေသာကျလာပြီးဘာမှကိုမပြောနိုင်တဲ့အထိအာစေးမိနေမိသည်။တကယ်တော့မိုရာ ကြောင့်အခုလိုဖြစ်ရတာ မိုရာသာဂရုစိုက်ခဲ့ရင် ေချာ်လဲမှာမဟုတ်သလို ကလေးလေးကိုလဲဆုံးရှုံးရမှာမဟုတ်။
''ဒါနဲ့...သခင်မကိုချော်လဲအောင်လုပ်တဲ့သူကိုရောမသိချင်ဘူးလား''
အစ္စလီရဲ့အမေးမှာမိုရာမျက်လုံးပြူးသွားရသည်။အာ့တာဆိုရင်မိုရာက ကိုယ့်ဘာသာချော်လဲတာမဟုတ်ပဲတစ်စုံတစ်ယောက်ကကြိုတင်ကြံစည်ထားတာပေါ့..အာ့လို မျိုးလား မိုရာ့မှာကလေးလေးရှိနေတာကိုသိနေလို့လား။ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့မိုရာတောင်မသိတာ အဲ့ဒီလူကရောသိနေတယ်ဆိုတာဖြစ်နိုင်ပါ့မလား။ဘာပဲဖြစ်ဖြစ် မိုရာအဲ့လူကိုသိချင်မိသည်။ဘယ်လိုမှလဲခွင့်လွှတ်နိုင်မှာမဟုတ်ပေ။ထို့ကြောင့်ကျဆင်းနေတဲ့မျက်ရည်ကိုသုတ်ပြီး အားမရှ်ိပဲခွေကျသွားတဲ့ခြေထောက်တွေကိုအတင်းအားတင်းပြီးမတ်တပ်ထရပ်ကာ အစ္စလီ ကိုမေးလိုက်သည်။
''ဘယ်သူလဲ... ဘယ်သူကအခုလိုလုပ်တာလဲ''
''ဘယ်သူလဲ ဆိုတော့..ကျွန်..မ..ကိုယ်..တိုင်..ပဲ''
YOU ARE READING
ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed)
Historical Fictionရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.