✨ဦးဆွေးဆံမြည့်-၃၆✨

8.4K 363 87
                                    

[MATURE ON]

၁၈နှစ်မပြည့်သေးတဲ့ကလေးတွေ ကျော်ခွသွားကြဟေ့။ ဒီအခန်း နင်တို့နဲ့ဘာမှမဆိုင်ဘူး။ 🫵

ဦးဆွေးဆံမြည့်-၃၆

'နတ်စစ်သည်က သိမ်းငှက်ရဲ့သမီးနဲ့လက်ထပ်သွားပြီတဲ့လား.. မြန်လိုက်တာ...'

စောစောစီးစီးကြားလိုက်ရသည့်သတင်းကြောင့် တိုင်းကြည်ဖြူ သူ့နားသူမယုံနိုင်သေးဘဲ ပြတင်းပြင်ကိုလှမ်းငေးရင်း ရေရွတ်သည်။ သိမ်းငှက်ဆုံးပြီဆိုသည့်သတင်းကိုပဲ သိခဲ့ရပြီး ဖီးနစ်ငှက်လက်ထပ်သွားသည့်သတင်းကိုတော့ အသံသဲ့သဲ့တောင် မကြားခဲ့ရပါလား။ ဒီသတင်းသာ အမှန်ဖြစ်ခဲ့လျှင် သိမ်းငှက်၏သမီးထံမှ ကျောက်စိမ်းလည်ဆွဲကို ယူဖို့က ပိုခက်သွားပြီဖြစ်၏။

'ဧကန္တ သိမ်းငှက်အခြေအနေကြောင့် မြန်မြန်ဆန်ဆန်လက်ထပ်သွားတာဖြစ်ရမယ်.. နတ်စစ်သည်က ထင်ထားတာထက်တောင် ပိုပြီးလျှို့ဝှက်တဲ့သူပဲ... မင်္ဂလာပွဲသတင်းတောင် အသံသဲ့သဲ့မကြားရဘူး..'

အခန်းကျယ်ကြီးထဲမှာ တိုင်းကြည်ဖြူ၏အသံသာလွှမ်းမိုးနေပြီး ကျန်လူတွေအားလုံး ငြိမ်သက်စွာရပ်နေကြသည်။ ဗြိစ္ဆာနှင့်ဆောင်းက အတူထိုင်နေကြပြီး အတန်ကြာမှ ဗြိစ္ဆာ၏မျက်နှာမော့လာကာ..

'ပင်လောင်းစော်ဘွားကိုယ်တိုင် မင်္ဂလာပွဲကိုရောက်လာခဲ့တယ်လို့သိရပါတယ် မာစတာ...'

'အိုး...shit....'

တိုင်းကြည်ဖြူ နားတစ်ဖက်ကို လက်ညှိုးနှင့်ကလော်ထိုးရင်း ဆဲရေးမိသွား၏။

'ဟော်နန်းကနေ တစ်ခါမှအပြင်မထွက်ခဲ့တဲ့စော်ဘွားက မင်္ဂလာပွဲကိုရောက်လာခဲ့တယ်တဲ့လား... ရွေးကောက်ပွဲနီးနေမှကို... တိုက်ဆိုင်တယ်လို့တောင် ထင်စရာမရှိဘူး..'

ပြောရင်း ဗြိစ္ဆာတို့ဘက်သို့ လှည့်ကြည့်သည်။

'မင်းတို့လည်း နေရာတကာသွက်နေလျင်နေကြပြီး ဒီသတင်းကျတော့ စောစောမသိကြဘူး.. ခိုင်းထားတဲ့ကိစ္စတွေလည်း တစ်ခုမှဖြစ်မြောက်အောင်မြင်ခဲ့တာမရှိဘူး...စစ်လုလင်ဆိုတဲ့သောက်ကောင်က တစ်မျိုး.. ငါ့လမ်းကိုဝင်ဝင်ရှုပ်တယ်...'

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now