ဒီဇင်ဘာ(၂၁)ရက်နေ့၊ ဆောင်းမနက်ခင်း။
'မိတ်ကပ်ကတော့ အဆင်ပြေပြီ..ဝတ်စုံဝတ်ဖို့ပဲကျန်တော့တယ်...'
နိုမီ့အသံဖြစ်၏။ ကိကိရယ်၊ နိုမီရယ်၊ မိတ်ကပ်ဆရာမနှင့်ဖြူစင်လွန်းရယ် လေးယောက်သား ကိကိအခန်းထဲမှာ စုဝေးနေကြသည်။
'ဒီဝတ်စုံ တစ်ခါမှမဝတ်ရသေးဘူးဆိုတော့ ကိုက်ရော ကိုက်ပါ့မလား ကိကိရယ်.. နင်ကလည်း ဘယ်လောက်ပဲ အလျင်လိုဦးတော့.. သတို့သမီးဝတ်စုံလေးတော့ သေချာဝတ်ကြည့်ပြင်ဆင်ထားသင့်တယ်လေ..အခု ဝတ်ကြည့်လို့မကိုက်ရင် ဘယ်လိုလုပ် သီချိန်ချုပ်ချိန်ရှိတော့မှာလဲ...'
နိုမီက သတို့သမီးအစား ပူပန်နေရသော်လည်း ကိကိက စိတ်ပူဟန်မရှိ၊ အေးဆေးပင် ခြေချိတ်ဒူးနှံ့နေ၏။ ဆင်စွယ်ရောင်တောက်နေသည့်သတို့သမီးဝတ်စုံက မြန်မာဆန်ဆန်ရိုးရှင်းစွာ ချုပ်ထားသော်လည်း ချိတ်အဆင်မှာ ပုံဖော်ထားသည့် ကနုတ်ပွင့်ဖတ်များက အနုစိတ်လက်ရာမြောက်နေသဖြင့် ထူးထူးခြားခြားလှနေသည်။ ရင်ဖုံးလက်ရှည်အင်္ကျီမှာလည်း လက်အနားစ၊ ခါးအနားစတွေကို ကျောက်အမှုန်အမွှားလေးတွေ ခပ်ရေးရေးပြေးနေသည့်ပုံစံ ကွန့်ထားသည်မို့ ရိုးမလိုနှင့် ဆန်းနေ၏။
'ဦးနတ်က ကြိုစီစဥ်ထားတာပဲ.. ငါတောင် ဘာမှမေးချိန်မရလိုက်ပါဘူးဆို.. သူ့သဘောအတိုင်း သူ့စိတ်တိုင်းကျဖြစ်ရင် ပြီးရောဟာ..'
'တကယ် တကယ်.. နင်လောက် ဘဲထိပ်ထားစံတာ မတွေ့ဖူးသေးဘူး..'
'ဘဲမဟုတ်ဘူး.. ယောက်ျားဖြစ်နေပြီ.. ငါ့ယောက်ျား...'
နိုမီ့မျက်နှာ မဲ့ရွဲ့သွားတော့ ကိကိ လျှာထုတ်ပြောင်ပြကာ အဝတ်လဲခန်းထဲ ဝင်သွားသည်။ ခဏကြာတော့ သတို့သမီးဝတ်စုံဝတ်၍ ပြန်ထွက်လာ၏။ ကိုယ်ပေါ်မှာ ကျော့ရှင်းကပ်ချပ်နေသည့် သတို့သမီးဝတ်စုံကြောင့် နိုမီတို့ ပါးစပ်အဟောင်းသားဖြစ်သွားကြကာ ကိကိကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်၍ အံ့သြနေသည်။
'လှလိုက်တာကိကိရယ်.. ဝတ်စုံလေးက ချပ်ရပ်ပြီး ကွက်တိပဲ...'
မိတ်ကပ်ဆရာမက ချီးမွမ်းရင်း လက်အနားသတ်ကျောက်မှုန်တွေကို သေချာကြည့်၍...
YOU ARE READING
The Legend Of The Phoenix:Born To Love You
Romanceဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်ဆုံတွေ့ဖို့ ရူးသွပ်မိခဲ့တယ်။ မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ငါ့ရဲ့ လစ်ဟာပျက်ကွက်မှုတွေကြောင့် ...