Arc 1 Ch 24

237 54 2
                                    

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]
Ch 24
နာမည်ကြီးလာခြင်း (အပိုင်းနှစ်)

မွန်းတည့်ချိန်ရောက်သော် အားလုံးက နေ့လယ်စာစားရန်စောင့်မျှော်နေကြသည်။

ကျောင်းသားမဟုတ်သောသူများက ကန်တင်းတွင်နေ့လယ်စာစားသုံးနိုင်ရန်အတွက် ဝန်ထမ်းများထံမှ စားသောက်ခွင့်လက်မှတ်များထုတ်ပေးမည့်အချိန်ကို စောင့်ဆိုင်းရမည်ဖြစ်၏။

ဟင်းလျာများမှာ ငါးအသားပြုတ်၊ မိုရှူးဝက်သား၊ ချဉ်ပေါင်ကြော်၊ မှိုနှင့်အစိမ်းကြော်၊ နံရိုး၊ အသားနှင့်အရွက်စွပ်ပြုတ်တို့အပြင် ရေညှိဟင်းရည်တို့ ပါဝင်သည်။ ထိုဟင်းလျာများ၏စျေးနှုန်းကို ဝန်ထမ်းများကသတ်မှတ်ပေးထားခြင်းဖြစ်ပြီး ဆယ်ယွမ်မျှပေးဆောင်ရုံဖြင့် ဟင်းလျာများကို အလျှံပယ်စားသုံးနိုင်မည့်အပြင် နာမည်ကြီးငရုတ်ဆီကိုလည်း အခမဲ့သုံးဆောင်ခွင့်ရဦးမည်ဖြစ်၏။ 

ကျောင်းကို လာရောက်လည်ပတ်သည့် မူလရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ တည်ခင်းသောအစားအသောက်များမှာ စိတ်ကျေနပ်ဖွယ်ရာကောင်း၏။

ပထမဆုံးအနေနှင့် ငရုတ်ဆီက ကျော်ကြားနေသောဂုဏ်သတင်းနှင့်ထိုက်တန်လေသည်။ သူတို့က ရသာရုံတောအုပ်လေးအပြင် အခြားစီချွမ်နှင့် ဟူနန်တို့တွင်ရှိသော စားသောက်ဆိုင်များတွင်လည်း စားဖူးကြသော်ငြား ပထမကန်တင်း၏ငရုတ်ဆီကမူ မူပိုင်အရသာတစ်မျိုးရှိသည်။ ၎င်းက ထင်ပေါ်မွှေးကြိုင်သောရနံ့ရှိပြီး လန်းဆန်းသွားစေသည်။ သွားများအကြား နှမ်းစေ့များကိုကြိတ်ဝါးလိုက်ရသည့်ခံစားချက်က ငရုတ်ဆီ၏ပူပူစပ်စပ်အရသာနှင့်ပေါင်းပြီး ခံတွင်းထဲကိုစိမ့်ဝင်သွားသည်။

အသီးအရွက်များက လတ်ဆတ်လှသောကြောင့် ကြွပ်ရွမှုနှင့်ချိုမြိန်မှုကို ခံစားရသည်။ ချက်ပြုတ်ခါနီးမှ အနောက်ဘက်တောင်ကုန်းပေါ်က ခူးလာသည့်အရွက်များဟုပင်ဆိုနိုင်သည်။ ဟင်းရွက်စိုက်ခင်းက မီတာရာဂဏန်းမျှသာဝေးသဖြင့် ၎င်းကိုဆေးကြောပြီးသည်နှင့် လူတိုင်း၏ပန်းကန်ထဲကို ချက်ချင်းအရောက်ပို့ဆောင်နိုင်သည်သာဖြစ်၏။ နှိုင်းယှဥ်ကြည့်နိုင်သည်ထက် ပိုသာလွန်လတ်ဆတ်လှသည်ဟု ယူဆရပေမည်။

လယ်စိုက်ကြမယ်Where stories live. Discover now