Arc 1 Ch 14

282 45 6
                                    

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]
Ch 14
ဝန်ထမ်းအိမ်ရာမြေကွက်များကို သိမ်းပိုက်ခြင်း

ရှောင်ပိုင်က သူ့ကြောင်အသိုက်ထဲ လဲလျောင်းနေစဥ် စွေ့ချီချောင်းပြောလာသောစကားများကို ကြားလိုက်ရသည်။ သူက စွေ့ချီချောင်းကို မျက်နှာလွှဲလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးက တောင့်တင်းသွားသည်။ သူ့နားရွက်လေးများ ထောင်မတ်သွားပြီး အမွေးများလည်း ဖွာသွားကြောင်းကို စွေ့ချီချောင်း သတိပြုမိလိုက်သည်။

သူ့ကြောင်လေး ကြောက်နေရှာသည်ကို မြင်သောအခါ စွေ့ချီချောင်းက ခပ်နှေးနှေး အသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ ငါ သေချာစဉ်းစားကြည့်လိုက်ပါဦးမယ်… ဆေးရုံက ဆရာဝန်တွေ ဘယ်လောက်စွမ်းဆောင်ရည်ရှိလဲဆိုတာ အရင်စုံစမ်းတာပေါ့…"

ရှောင်ပိုင်မှာ သေရမည့်နေ့ ဆိုင်းငံ့ခံလိုက်ရသည့်အလား နားရွက်ကလေးများ ညွတ်ကျသွားရှာသည်။

စွေ့ချီချောင်းက ဆိုဖာပေါ်တွင် ခဏမျှအနားယူနေသော်လည်း ရှောင်ပိုင်က ထိုသို့မဟုတ်ပေ။ သူက ခြေလှမ်းအနည်းငယ်ကို ပေါ့ပါးစွာလှမ်းလိုက်ရင်း စွေ့ချီချောင်းပေါ်ကိုခုန်တက်ကာ သူ့အား မျက်လုံးဝိုင်းကြီးများနှင့် ငေးစိုက်ကြည့်နေရှာသည်။ ထိုမျက်ဝန်းအစုံမှာ တောက်ပပြီး ချစ်စဖွယ်ကောင်းလှသည်။ ရှောင်ပိုင်က စွေ့ချီချောင်းကို ငေးနေရင်းမှ သူ့ခေါင်းလေးဖြင့် သူ့အား ပွတ်သီးပွတ်သပ်လုပ်နေလေတော့သည်။

လေ့ကျင့်ပေးပြီးနောက်ပိုင်းတွင် ရှောင်ပိုင်က တရင်းတနှီးနေပြခြင်းမျိုး သို့မဟုတ် သူ့အား တယုတယ ပွတ်သပ်ခိုင်းခြင်းမျိုး မလုပ်တတ်ပေ။

စွေ့ချီချောင်းလည်း တမင်တကာတိတ်နေလိုက်ပြီး ထိုမြင်ကွင်းကို ဆက်စောင့်ကြည့်နေလိုက်သည်။ ရှောင်ပိုင် သောကရောက်လာသည်ကို မြင်သောအခါ သူ့လက်ကိုဆန့်ထုတ်၍ ခေါင်းလေးကို ထိတွေ့လိုက်သည်။
"အိုး.. သားကြောဖြတ်မဲ့အကြောင်း ပြောပြီးမှ ဘာလို့ ပိုပြီးချစ်စရာကောင်းအောင် လုပ်ပြနေတာလဲ…"

ရှောင်ပိုင် : " ...."

စွေ့ချီချောင်းက ရှောင်ပိုင်၏ ပါးလေးကိုဆွဲဖဲ့ပြီး မျက်နှာအိအိလေးကို ပွတ်သပ်လိုက်သည်။ ရှောင်ပိုင်က မခုခံသည့်အပြင် ဗိုက်ပါလှန်ပေးလေသည်။

လယ်စိုက်ကြမယ်Where stories live. Discover now