Arc 1 Ch 20

224 48 3
                                    

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]
Ch 20
နွေရာသီအားလပ်ရက် ရောက်ရှိလာခြင်း

ဇွန်လသို့ရောက်ရှိလာသောအခါ CUကျောင်းသားများက လကုန်ပိုင်းတွင်ကျင်းပမည့် နောက်ဆုံးစာမေးပွဲအတွက် စတင်ပြင်ဆင်နေကြရသည်။ ဂရုစိုက်ပေးတတ်သော ပထမကန်တင်းကလည်း အစားအသောက်ဟင်းလျာအသစ်များကို စတင်တည်ခင်းလေတော့သည်။ မနက်ပိုင်းတွင် သစ်ကြားသီးနှင့်ပဲနို့၊ ညစာအတွက် တို့ဟူးနှင့်ငါးခေါင်းစွပ်ပြုတ်၊ ဝက်အသည်းတုံးနှင့် အခြားသော ဦးနှောက်အတွက်အာဟာရဖြစ်စေသည်ဟုဆိုနိုင်သည့် ဟင်းလျာအသစ်များကိုလည်း မိတ်ဆက်ခဲ့သည်။ ထိုဟင်းလျာများကို ကျောင်းသားအများစုက နွေးထွေးစွာလက်ခံကြသည်။ အမှန်တွင်မူ ယခုအခါ သူတို့က ပထမဆုံးကန်တင်းမှဟင်းလျာဆိုလျှင် အကုန်ကြိုဆိုလက်ခံကြသည်။

မုန့်ချန်က ထုံးစံအတိုင်း သူ့အခန်းဖော်များနှင့်အတူ ကန်တင်းသို့ထွက်လာခဲ့သည်။ ဤစာသင်နှစ်တွင် သူတို့အိပ်ဆောင်ရှိလူများက ယခင်ကကဲ့သို့ အစားအသောက်ကောင်းကောင်းစားရရန်အတွက် ကျောင်းပြင်ပကိုမသွားကြတော့ဘဲ ထမင်းသုံးနပ်လုံးကို အတူတူစားသောက်ဖြစ်ကြသည်။ ထိုစဉ်ကမူ သူတို့ အပြင်စားသောက်ဆိုင်များကို သွားကြသည့်အခါ မုန့်ချန်၏ စီးပွားရေးအခြေအနေကို ထည့်သွင်းစဉ်းစားပေးခဲ့ရသေးသည်။

သို့သော် အခုမူ ထိုစားသောက်ဆိုင်မှအစားအသောက်များက သူတို့ကန်တင်းက အစားအသောက်များလောက် အရသာမရှိတော့ပေ။ သို့ဖြစ်လေရာ ထိုစားသောက်ဆိုင်တွင် စားရရန်အတွက် ပိုက်ဆံပိုသုံးရလောက်အောင် ရူးမိုက်သူမရှိတော့ချေ။

CU၏ကျားငါးကောင်ကို ပြုပြင်ပြောင်းလဲလိုက်ခြင်းက အနီးတစ်ဝိုက်ရှိ စားသောက်ဆိုင်များ၏စီးပွားရေးကို များစွာထိခိုက်စေခဲ့သည်ဟု ဆိုနိုင်လေသည်။

ရသာရုံတောအုပ်လေးကဲ့သို့သော နာမည်ကြီးစားသောက်ဆိုင်များကသာ အခြားမြို့သူမြို့သားများကို ဆွဲဆောင်နိုင်သေးသည်။ သို့သော် အခြားစားသောက်ဆိုင်များအတွက်မူ သူတို့၏အဓိကဖောက်သည်များမှာ ကျောင်းသားများသာဖြစ်၏။ ထို့ကြောင့် CU၏ကျားငါးကောင်က ဟင်းချက်နည်းများကို အချင်းချင်းမျှဝေပြီးနောက်တွင် သူတို့၏လုပ်ငန်းများကို များစွာထိခိုက်စေခဲ့သည်။ အခြားကျောင်းမှ ကျောင်းသားများကြောင့်သာမဟုတ်ပါက သူတို့ဆိုင်များ ပိတ်ပစ်လိုက်ရတော့မည်ဖြစ်၏။ 

လယ်စိုက်ကြမယ်Where stories live. Discover now