Chapter 8 - Taste of Jelly

308 51 22
                                    



နောက်ဆို ကျန်းဟာအိုကို တစ်ယောက်တည်း
မသောက်ဖို့မှာထားရမယ်။ အခုသူသာမပါရင် တစ်ယောက်တည်း ဘယ်လိုတောင်ဖြစ်နေမယ်မသိ။

" ဥက္ကဋ္ဌဆောင်း Sky Residenceကို ရောက်ပါပြီ "

" ကျန်းဟောက် အတွင်းရေးမှုးကို ဆက်သွယ်ပြီး ကျန်းဟောက်ကားကိုသွားယူခိုင်းလိုက်"  ဆောင်းဟန်ဘင်း ပြောပြီးကာမှ အတွေးတစ်ခုဝင်ပြီးမျက်နှာတွင် devil smileတစ်ခုကိုချိတ်ဆွဲရင်းထပ်ပြောလိုက်သည်။

"ထားလိုက်တော့။ ဒီအချိန် သူလည်းနားချင်မှာပေါ့။ မနက်မှကျန်းဟောက်ပြောလိုက်လိမ့်မယ်"

"ဟုတ်ကဲ့ ဒါဆိုကျွန်တော်ပြန်လိုက်ပါဦးမယ်။ ဥက္ကဋ္ဌကျန်းကိုကျွန်တော်တွဲပို့ပေးအါ့မယ်" ပြောရင်းကျန်းဟာအို လက်တစ်ဖက်ကိုလာဆွဲသူကိုဟန်ဘင်း မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ ထိုအခါမှတွန့်ပြီးနောက်ပြန်ဆုတ်သွားသည်။

"မလိုဘူး။ သူ့ကိုငါချီသွားလိုက်မယ်။ မနက်ဖြန်မနက်ကို ဟိုတစ်ခါဝယ်တဲ့ဆန်ပြုတ်နဲ့အမူးပြေဟင်းရည်ဝယ်ပြီးလာပို့ထားပေး။ အိမ်ထဲဝင်မလာနဲ့ ဘဲလ်တီးပြီးတံခါးမှာသာချိတ်ခဲ့လိုက်"

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ" အမြဲတံခါးထဖွင့်ရမှာပျင်းလို့တန်းဝင်လာခိုင်းတဲ့ဥက္ကဋ္ဌကအခုမှဘာဖြစ်သည်မသိ။

သူအတွေးလွန်နေတုန်းပင် ဆောင်းဥက္ကဌကတော့ ကျန်းဥက္ကဋ္ဌကို ဆွေ့ခနဲပွေ့ချီကာ အဆောက်အဦးထဲဝင်သွားပြီဖြစ်သည်။

ဆောင်းဟန်ဘင်းတစ်ယောက် ရင်ခွင်ထဲကတစ်ယောက်ကိုကြည့်ရင်းအတွေးများနေရသည်။ 

နှုတ်ခမ်းရဲရဲစိုစိုလေးစူပွစူပွလုပ်နေပုံက သူတို့အရသာကိုလာရောက်မြည်းစမ်းကြည့်ရန်ဖိတ်ခေါ်နေသယောင်။

"ကျန်းဟာအိုက အရင်တည်းက ဒီလောက်ချစ်စရာကောင်းတာလား?"

"ယား ဆောင်း..မြောင်ပင်း!" ရင်ခွင်ထဲမှ ရုတ်တရက်ထအော်သူကြောင့်ဟန်ဘင်း ဟန်ချက်ညီအောင်မနည်းပြန်ထိန်းလိုက်ရသည်။

"ဘာထဖြစ်တာလဲ ကျန်းဟောက်ရာ"

"မင်း...ငါလေးတယ်လို့လျှောက်မပြောနဲ့"

You've reached the end of published parts.

⏰ Last updated: May 09 ⏰

Add this story to your Library to get notified about new parts!

Binneul AssignmentWhere stories live. Discover now