Chapter 5 - Stalker?

359 55 3
                                    




"မင်း....က ဒီကို ဘယ်လိုလုပ်?" ကျန်းဟောက် ရှေ့ကလူကို တအံ့တဩကြည့်ရင်းမေးလိုက်သည်။

"ဘာလဲ? အရမ်းအံ့ဩသွားတာလား? ဒီကြားထဲမှာကိုယ့်ကိုမေ့သွားပြီထင်လို့ လူလုံးလာပြပေးရတာလေ"

"မင်းက ဘယ်သူလဲ? ဘာတွေလာပြောနေတာလဲ? ငါကမင်းဘေးက ပါလာတဲ့သူကိုပြောတာ မင်းကိုငါသိတောင်မသိဘူး"

ကျန်းဟောက်က ထိုလူ့ဘေးကိုကြည့်ရင်းပြောလိုက်။ ထိုအခါမှ ထိုလူလည်း သူ့ဘေးနားမှ သူ့ကိုစူးစမ်းလိုသည့် မျက်လုံးများဖြင်ဖြင့်ကြည့်နေသည့် အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ခပ်ချောချောအမျိုးသားကိုတွေ့လိုက်တော့သည်။

"ခင်ဗျား ဓာတ်လှေကားထဲဝင်မှာလားမဝင်ဘူးလား? ကြောင်ချင်ရင်လည်း အခြေနေလေးကြည့်"

"မင်းကဘယ်သူမို့ ငါ့ကိုလာပြောနေတာလဲ"

"အဲ့ဒါကျွန်တော်က မေးရမှာပါ။ ကိုယ့်ချစ်သူကိုလာကြောင်နေတာကို ဆွဲမထိုးသေးတာပဲကျေးဇူးတင်ဦး။ ကျွန်တော့်ချစ်သူနဲ့အသိတွေလည်းဟုတ်ပုံမရပဲ ဘာတွေဇာတ်လမ်းလာဆင်နေတာလဲ?ခင်ဗျားမဝင်ဘူးဆို ဖယ်တော့ ကျွန်တော်တို့နားချင်နေပြီ"

ဆောင်းဟန်ဘင်း ကထိုလူကို တွန်းတိုက်ပြီး ဓာတ်လှေကားထဲဝင်ကာ တံခါးကိုပိတ်ပြီးကျန်းဟောက်ဘေးတွင်ရပ်လိုက်သည်။ ထိုအခါမှကျန်းဟောက်လည်း အနည်းငယ်စိတ်အေးသွားပြီး စိတ်ထဲကြိတ်ပြီး ဆောင်းဟန်ဘင်းကိုကျေးဇူးတင်လိုက်မသည်။ တကယ်တော့ ထိုသူကိုကျန်းဟောက်သိပါသည်။ ထိုသူကကျောင်းတုန်းကကျန်းဟောက်ကို လိုက်stalkခဲ့သူပင်။ အစက ဆောင်းဟန်ဘင်းခိုင်းတာဟု သံသယဝင်ခဲ့သော်လည်း စုံစမ်းကြည့်တော့ ဆောင်းဟန်ဘင်းနဲ့မဆိုင်ပဲ ဒီတိုင်းကျန်းဟောက်ကိုစွဲလမ်းပြီးလိုက်stalkနေသူဖြစ်နေခဲ့သည်။ ဒါကြောင့်လည်း ကျန်းဟောက်ကျောင်းပြီးတာနဲ့ အင်္ဂလန်ကိုထွက်သွားပြီး ဘွဲ့လွန်ကိုဟိုမှာဆက်တက်ခဲ့တာဖြစ်သည်။ ဆောင်းဟန်ဘင်းကတော့ဒီတိုင်းနှောင့်ယှက်နေတယ်ထင်လို့ ကူညီပေးတာဖြစ်လောက်မည်။

"မင်းက ဘယ်အထပ်သွားမှာလဲ?"

ငြိမ်ကာအတွေးလွန်နေဟန်ရှိသော ကျန်းဟောက်ကို အဆက်ပြေလားဟုမေးချင်သော်လည်း မာနကခံနေသေး၍ ဘယ်အထွက်သွားမှာလဲဟုသာ မေးဖြစ်လိုက်သည်။

Binneul AssignmentWhere stories live. Discover now