Chapter 1-Encountering Failure

491 60 23
                                    




"ဥက္ကဌဆောင်း ကျွန်တော်တို့ ဒီလ launch
လုပ်ဖို့ စီစဉ်ထားတဲ့ Valentine Edition ကို
Zhang group က ဒီနေ့ launchလုပ်လိုက်ပါတယ်"

"ဘာ!! အဲ့ဒါ November တည်းက Strategic team နဲ့ Marketing Team ပေါင်းပြီးplan ဆွဲထားတာမလား ဘယ်လိုဖြစ်လို့ Zhang group က ငါတို့ထက်လက်ဦးသွားတာလဲ?"

"ကျွန်တော်တို့က Choco+Caffeine = Love
ဆိုတဲ့ slogan နဲ့ advertise လုပ်ပြီး
chocolate coffeeအနေနဲ့ ထုတ်ဖို့plan ဆွဲထားတာပါ အဲ့အတွက်လိုအပ်တဲ့raw materials တွေကို ပြည်တွင်းက cocoa စိုက်တဲ့သူတွေဆီက ယူဖို့planဆွဲထားတာပါ"

"အေးလေ ပြည်တွင်းကလုပ်ငန်းတွေကိုအားပေးရာရောက်တော့ ငါတို့Brand Equityလည်းတက်နိုင်လို့ ငါခွင့်ပြုခဲ့တာလေ အခုက ဘယ်လိုဖြစ်ရတာလဲ"

"အဲ့ဒါက ဟို ကျွန်တော်တို့ နဲ့မချိတ်ရသေးခင် Zhang Groupကနဲ့ အရင်ချိတ်မိပြီး ဒီနေ့ပဲ launch လုပ်မယ့်dateနဲ့ promotionကို announce လုပ်လိုက်တာပါ"

အတွင်းရေးမှူးက မျက်စိမျက်နှာပျက်စွာဖြင့်ပြောလိုက်သည်။ သူတို့ဥက္ကဌက Zhang groupကို ဘယ်လောက်နိုင်ချင်မှန်း သူအသိဆုံးလေ။
လေလံပွဲတွေမှာတောင် ကျန်းဥက္ကဌထက် အရင် နေရာရအောင်ယူတဲ့သူမျိုး။
ဆောင်းဟန်ဘင်း အတွင်းမှူးပြောတာကို နားထောင်ပြီးနောက် မျက်ရိုးကိုဖိကိုင်ရင်းမျက်မှောင်ကျုံ့လိုက်မိသည်။

"နေစမ်းပါဦး မင်းတို့က အခုချိန်ထိ supplierနဲ့ contract မချိတ်ရသေးတာ ဘာလို့ငါ့ကိုလာမပြောတာလဲ"

"ပြည်တွင်းကုန်ကြမ်းတွေက ဈေးကြီးလို့ ပိုသက်သာတဲ့ supplierရှာဖို့ production director က ပြောတာနဲ့ ထပ်ရှာနေလို့ပါ"

အတွင်းရေးမှုးလည်း တုန်တုန်ရီရီဖြင့်ပြောလိုက်ရသည်။ Production Director က အရင်ဥက္ကဌ
လက်ထက်တည်းက ရှိခဲ့သူမို့ သူ့ကိုဘယ်သူမှသိပ်မပြောရဲခြင်းဖြစ်သည်။ အရင်ဥက္ကဌအနားယူရင်
သူဥက္ကဌနေရာရမယ် ထင်ခဲ့သော်လည်း ဟန်ဘင်းက ဥက္ကဌဖြစ်လာတာမို့ အဖေနောက်ခံဖြင့်နေရာရလာတယ်ဟု ယူဆပြီးအမြင်မကြည်သူဖြစ်သည်။

အခု projectကိုလည်း "အလကားအသုံးမဝင်တာတွေ chocolateနဲ့coffee ရောထားတာကို ဘယ်သူက ဈေးကြီးပေးဝယ်မှာလဲ အဲ့ဒါကြောင့် အတွေ့ကြုံရှိတဲ့သူက ဥက္ကဌဖြစ်ဖို့လိုတာ "ဟုဆိုလာသည်။

Binneul AssignmentWhere stories live. Discover now