အပိုင်း(33)

909 96 8
                                    

မျိုးနွယ်စုသခင်ရဲ့အဆောင်မှာလူတွေပြာပန်းခတ်နေကြသည်။အစေခံမလေးတွေလဲ မတ်တပ်ရပ်ကတစ်မျိုးထိုင်ရက်ကတစ်ဖုံနဲ့စိတ်လှုပ်ရှားပြီး သူတို့ဏးရဲ့နတ်ဘုရားကိုဆုတောင်းနေကြသည်။အကြောင်းမှာကားသူတိုရဲ့သခင်မက သူတို့မျိုးနွယ်အတွက်ဆက်ခံသူမွေးဖွားပေးနေလို့ပင်ဖြစ်သည်။

အိပ်ဆောင်ရဲ့ကုတင်ပေါ်မှာ... မိုရာတစ်ယောက်နာကျင်မှုကိုအံတုနေရသည်။ခါးတွေကိုက်သလိုဆီးစပ်တွေကလဲကိုက်နေတာအခံမရပ်နိုင်အောင်ပင်။ဝမ်းဗိုက်ထဲက..ကလေးလေးရဲ့အပြင်ထွက်ချင်ဇောနဲ့တွန်းထိုးနေမှုကြောင့်နာကျင်မှုကပြောမပြတတ်အောင်ပင်။တစ်ကိုယ်လူံးမှာချွေးတွေနဲ့စိုရွှဲနေပြီးမျက်နှာတစ်ပြင်လုံးမှာလဲချွေးစေးတွေနဲ့စေးကပ်နေသည်။

ခါရူးကလဲ ဟိုဖက်မျိုးနွယ်ကလူတွေကိုသွားပြီးကြိုဆိူနေတာကြောင့်မိုရာ့အနားမှာမရှိ။မနက်ထဲကခါးကိုက်နေပေမဲ့ခါတိုင်းလဲခါးက ကိုက်နေကျမို့ ခါရူးကမသွားဘူးပြောတာတောင်မိုရာက ဧည့်သည့်တွေကိုအားနာလို့အတင်းသွားခိုင်းလိုက်တာဖြစ်သည်။ခါရူးသွားပြီး သိပ်မကြာလိုက်မိုရာ့ရဲ့ဗိုက်ကစတင်နာလာတာမို့ အစေခံမလေးတွေကဆေးဆရာကိုသွားခေါ်သူကခေါ် ခါရူးကိုသွားပြောသူကပြောနဲ့ပြာယာခတ်သွားကြသည်။ကီကီကတော့မိုရာ့ကိုအိပ်ဆောင်ထဲကိုခေါ်သွားပေးပြီးမီးဖွားဖို့ရန်အဆင့်သင့်အကုန်လုပ်ပေးသည်။

နာကျင်မှုကြောင့်စကားတောင်မပြောနိုင်တာမို့ကီကီလုပ်ပေးသမျှကိုသာငြိမ်ခံနေလိုက်သည်။မိုရာ့ရဲ့နောက်ကျောမှာခေါင်းအုံးခံ၍မိုရာ့ရဲ့အပေါ်ကိုစောင်အပါးခြုံပေးပြီး ဘေးကခုံမှာထိူင်ကာ မိုရာ့ရဲ့လက်ကိုကိုင်ပေးထားသည်။သိပ်မကြာလိုက်ဆေးဆရာရောက်လာပြီးမိုရာရဲ့အခြေအနေကိုစမ်းသပ်ပေးကာ

''သခင်မရဲ့.ကိုယ်ဝန်ကဒီနေ့မွေးမှာသေချာပါတယ် ဒါပေမဲ့အခုထိရေမွှာကမပေါက်သေးတာမို့ နာကျင်မှုဝေဒနါကိုတော့ခံစားရဦးမှာပါ''

ဆေးဆရာ​ ပြောတဲ့စကားကိုမိုရာခေါင်းသာငြိမ့်ပြလိုက်သည်။နာလွန်းလို့နှုတ်ခမ်းကိုကိုက်ရတာလဲပြတ်ထွက်မတတ်ပင်အိပ်ရာခင်းအစဆိုတာကလဲ မိုရာ့ရဲ့စုပ်ချေမှုကြောင့် တွန့်ကြေနေလေပြီဖြစ်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now