အပိုင်း(30)

1K 92 9
                                    

''အကို...ခနနေရင် သခင်မဆီအလည်သွားဦးမယ်နော်''

''အင်း..သွားလေ သခင်မဆီကိုမရောက်တာကြာပြီမလား အကိုတောင်းပန်ပါတယ် ''

''ဟာအကိုကလဲဘာလို့တောင်းပန်နေရတာလဲ''

''လက်ဆက်ပြီးထဲက အကိုလဲ သခင်ပေးအပ်ထားတဲ့တာဝန်တွေကိုထမ်းဆောင်နေရတာဆိုတော့မအားလပ်တဲ့အချိန်များတယ်လေအာ့တော့ ရှင်မ လဲဘယ်မှမသွားရတော့ဘူးပေါ့''


''အကိုက စစ်သူကြီး ဖြစ်တဲ့အပြင် မျိုးနွယ်တစ်ခုရဲ့အကြီးအကဲလေ အာ့တော့အလုပ်များတာသဘာဝပဲ..သခင်မလဲနားလည်ပေးပါမှာ''

''အင်းပါ..သွားရင်းနဲ့သခင်မရဲ့ကျန်းမာရေးအခြေအနေလေးလဲမေးခဲ့ဦး မွေးခါနီး ပြီဆိုတော့ဂရုစိုက်ရမှာ  ''

''ဟုကဲ့..''

ဘီဘီနဲ့အကိုနဲ့လက်ဆက်လိုက်တာ ၄လ နီးပါးရှိပြီဖြစ်သည်။အကိုကလဲ ဘီဘီ့ကိုသဘောကျတဲ့အပြင် ဘီဘီကိုယ်တိုင်လဲအကို့အပေါ်မှာ ခံစားချက်ရှိတာမို့လို့ သခင်မက အကိုနဲ့လက်ဆက်ဖို့မေးလာတဲ့အခါ သဘောတူခေါင်းညိမ့်ခဲ့တာဖြစ်သည်။လက်ဆက်ပြီးတော့သခင်က အကို့ကို စစ်သူကြီး ရာထူးအပြင် အကြီးအကဲရာထူးကိုပါပေးခဲ့မို့လို့အလုပ်ရှုပ်ခဲ့ရသည်။ အကိုက အလုပ်မှာ လဲတာဝန်မလစ်ဟင်းသလို  ဘီဘီတို့ရဲ့အိမ်ထောင်ရေးမှာလဲ ဘာမှလစ်ဟင်းမှုမှ..မရှိအောင်ဆောင်ရွက်ပေးသည်။


အကိုကမအားတာမို့ဘီဘီလဲသခင်မဆီမရောက်ဖြစ်။အကိုနဲ့လက်ဆက်ပြီးထဲက သခင်မက ဘီဘီ့ကို သူ့ရဲ့ အစေခံအဖြစ်ကနေထုတ်ပယ်ပြီးလွတ်လပ်ခွင့်ပေးလိုက်တာဖြစ်သည်။လက်ဆက်ပြီးခါစက သခင်မဆီရောက်ဖြစ်ပေမဲ့အခုတော့ မရောက်တာအတော်ကြာနေတာမို့ ဒီနေ့သွားဖို့အတွက်အကို့ဆီက ခွင့်တောင်းနေတာဖြစ်သည်။

မနက်မိုးလင်းထဲက မိုရာသခင့်ကိုမတွေးမိသေးပေ။ခါတိူင်းဆိုရင် မိုရာနိူးမှလုပ်စရာရှိတဲ့အလုပ်ကိုလုပ်ပြီး အကြီးအကဲ တွေနဲ့သွားတွေ့တာဖြစ်သည်။အခုကျ မိုရာမနိုးခင်ထဲကထသွားတဲ့ပုံဖြစ်ရမည်။မိုရာလဲ ကိုယ့်ဘာသာအိပ်ရာထဲကရအောင်ထဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ကီကီက ရောက်လာပြီး မိုရာ့ကိုအစအဆုံးပြင်ဆင်ပေးသည်။အကုန်လုံးပြင်ဆင်ပြီးလို့ အခု မနက်စာစားချိန်ရောက်တဲ့အထိကို ပြန်မလာသေး။မိုရာလဲ မနေနိုင်တော့ပဲ ကီကီကိုထူတ်မေးလိုက်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now