Part_15 " Falling in love with Some1 "

1K 88 23
                                    

Part _15 “Falling In Love with Someone!”

စနေနေ့ကျ ခွန်းဆက်‌နွေကို သူမအဖေက
သူမကျောင်းရှိတဲ့ Pearl Condo သို့
လိုက်ပို့သည်

“ ဘယ်အချိန်လာကြိုရမှာလဲ သမီး ၄နာရီပဲလား”

ဦးမင်းထက်လျှံက ကားပေါ်ကဆင်းခါနီး
ခွန်းကို မေးလိုက်သည်

“ဟုတ် daddy သမီး အတန်းပြီးတာနဲ့
ဖုန်းဆက်လိုက်မယ်  အဲ့ကျမှ ထွက်လာခဲ့လေ”

“ ဟုတ်ပြီ .. မုန့်ဖိုးယူဦးမလား ”

“ရှိ‌သေးတယ် dady ညကျမှ ယူတော့မယ်”

“အင်း နောက်ကကားတွေ သေချာကြည့်ဆင်းဦး”

“ ဟုတ် ”

ခွန်းဆက်နွေ ကားပေါ်ကဆင်းပြီး Lotteria ထဲ ဝင်တာနဲ့ သူမ Ma Ma စီ စာပို့လိုက်သည်

[“Ma .. ခွန်းရောက်နေပြီ‌ Lotteria အပေါ်
ထပ်မှာစောင့်နေတယ်နော် Ma ဘာစားပြီးပြီလဲ ဘာမှာထားပေးရမလဲ”]

ခက်မွန် တို့ duty ပြီးလို့ locker room မှာ
အဝတ်လဲနေတုန်း ခွန်းစီက Mess ဝင်လာတော့
ပြုံးလိုက်သည် ..

[“Ma အတွက် burger မှာထား‌ပေးနော်
Ma .. ChaThai က Smoothie ဝင်
ဝယ်ပြီး အပေါ်တက်ခဲ့မယ်”]

“ ဟဲ့ အဝတ်လဲလို့ ပြီးပြီလား မျက်နှာက မှိုရတဲ့ မျက်နှာထားနဲ့ typing ရိုက်နေတာ ”

“ မပြောပါနဲ့ သဲရဲ့ .. အဲ့ Feeling ကို
Babe နားလည်တယ် ကိုယ်ချစ်တဲ့သူကို
လွမ်းနေချိန်မှာ သူ့စီက စာလေးတစောင်
ဝင်လာတာက အရမ်းကို ကြည်နူးရတာ ”

ပိုးအိ က ခက်မွန်ကို ပြောတော့ ဆုမြတ်က
ပိုးအိ ပခုံးကိုဖက်လိုက်ရင်း ပြောလိုက်သည်
ထိုအခါ ခက်မွန် က 'သိလား'ဆိုတဲ့ အထာနဲ့
မျက်နှာကိုပြုံးရင်း မျက်ခုံးပင့်၍ ပိုးအိ ကို
အမူရာလုပ်ပြသည်။

“ နေပါဦး ဒေါ်ဆုမြတ် ရှင်က အဲ့လိုပြောရအောင် ရှင်နဲ့ကျမ က တချိန်လုံး အတူရှိနေပြီး အတူနေတဲ့ ချစ်သူနော် ”

“ အာာ .. သဲကလည်း Babe .. Mdy
သွားရတုန်းက သဲ စီက ph လာတဲ့အချိန် Message ရတဲ့ အချိန်တွေလေ ”

“ Ummm .. ပြီးရော ”

ပိုးအိက ဆုမြတ်ကို မျက်စောင်းထိုးတော့
ဆုမြတ်က ပိုးအိပါးလေးကို နမ်းလိုက်သည်

Falling In Love with SomeoneWhere stories live. Discover now