Part - 3 "Falling In Love with.."

2.8K 172 4
                                    

Part - 3 Falling In Love with Some1 🦋

ခွန်းဆက်နွေ နဲ့ ခက်မွန်ကျော်တို့ ၂ယောက်
ညဘက်တိုင်း Messenger မှာ စကားပြော
ကြရင်း တစ်စထက် တစ်စ ပိုရင်းနှီးလာကြသည်။
တခါတရံ ခွန်း က သူမကျောင်း break time
ဆို သူမ မာမီစီ ဖုန်းဆက်ပြီး ခက်မွန် ထံ Mess
ပို့တတ်သည်။
တခါတရံ အချိန်ရရင် ခက်မွန် အားတဲ့အခါ
ဖုန်းပြောတတ်ကြ သေးသည်။

ခွန်းဆက်နွေ တစ်ယောက် မနက်က ကျောင်းသို့
အသွား သူမအတွက်အဘွားအိမ်က ထည့်ပေးတဲ့ ထမင်းချိုင့်လေးကို ဖွင့်၍  သဇင်တို့ ထူးဝေတို့နဲ့
အတူ နေ့လည်စာ စားဖို့ပြင်နေလိုက်သည်။

ရွှေစင်ရယ် ဝဏ္ဏနဲ့ သက်မင်းတို့က  အိမ်က
ထမင်းချိုင့် မပါလာ၍ သူမတို့ကျောင်း‌ Condo
ရဲ့ မျက်နှာချင်းဆိုင်က ထမင်းဆိုင်မှာ သွားစား
ကြသည်။ သူမတို့ကိုပါ ထိုဆိုင်သို့လိုက်၍စားဖို့
ခေါ်ပေမယ့် ထိုထမင်းဆိုင်က နာမည်ကြီး၍
လူအရမ်းများကာ ဆူညံတာကြောင့် ခွန်းတို့
မလိုက်ဘဲ  ကျန်ခဲ့သည်။

ခွန်း -- ငါ Mum စီ ဖုန်းခေါ်လိုက်ဦးမယ်

သဇင် က ခေါင်းညိမ့်ပြ၍ လက်သုတ်ပုဝါ
လေး ခင်းကာ ထမင်းချိုင့်‌တွေ ဖွင့်လိုက်သည်။

ခွန်း -- Hello! Mum သမီး ထမင်းစားတော့မယ်

DLYN -- မနက်က ဘွားက ထမင်းချိုင့်
ဝင်ယူခိုင်းတယ်ဆို

ခွန်း -- ဟုတ် Mum .. daddy နဲ့ ‌ဝင်ယူလိုက်တယ်

DLYN -- ဘာဟင်းလဲ ?

ခွန်း -- ကြက်သားလုံး ကြော်တယ် Mum..
ပြီးတော့ ပန်းပွင့်စိမ်းကို ပုစွန်နဲ့ ကြော်တယ် ၊
Sauce ပါ ထည့်ပေးလိုက်တယ်

DLYN -- ဟင် မီးငယ် ထမင်းကို  အခြောက်
တိုက်ကြီးစားကမှာပေါ့ ဟင်းရည်လည်း မပါဘူး

ခွန်း -- အွန်း Mun , Mum .. ခွန်း ထမင်း
စားတော့မို့ .. ဒါပဲနော်

DLYN -- ဟုတ်ပါပြီ ညနေ လာကြိုမယ်

ခွန်း -- ဟုတ်

ထူးဝေ -- စားရအောင် ဗိုက်ဆာနေပြီ

ခွန်း -- အင်း

သဇင် -- ငါ့အိမ်က ပုစွန်ချက်တယ်
ပြီး‌‌တော့ သီးစုံချဉ်ဟင်းပါ ပါတယ်
ထည့်စားကြနော် ။

Falling In Love with SomeoneWhere stories live. Discover now