Part- 2 🦋 Falling In Love with

3.5K 192 1
                                    

Part - 2 ^ Falling In Love with Some1 ^

🌥️ At the Morning,

ဆုမြတ် တစ်ယောက် သူမရဲ့မျက်လုံးတွေကို
အားယူဖွင့်ရင်း အိပ်ယာမှနိုးတော့ အခန်းနံရံမှ
နာရီကို လှမ်းကြည့်‌မိသည်။
9:00 am 🕤 

ဆုမြတ် ကပျာကယာ အိပ်ယာထက်မှ
ထကာ သူမရဲ့ ဘေးခန်းက ပိုးရဲ့အခန်း
တခါးဖွင့်ကြည့်တော့ ပိုးက နိုးနှင့်နေသည်
ထင်သည် အခန်းထဲ၌ မရှိပေ။

သူမတို့ 3ယောက် ညအိပ်လျှင် တယောက်
အခန်းကို တယောက် Lock ချ မထားတတ်ပေ။

ဆုမြတ် နောက်ဖေး Kitchen Room
ဘက်သို့ကြည့်တော့  ပိုးက Kitchenထဲ
မနက်စာ ပြင်နေတာတွေ့ကသည်။

ဆုမြတ် -- ပိုး မနက်စာပြင်နေတာလား?

ပိုး -- အွန်းလေ 

ဆုမြတ် -- ဘာချက်??

ဆုမြတ်က Kitchen Room အပေါက်ဝက
နံရံကိုမှီ၍ မေး‌သည်။

ပိုး -- ‌ရေခဲသေတ္တာထဲမှာ ကင်ချီ နဲ့ ကြက်သား
တွေ့လို့ ထမင်းကြော်လိုက်တယ် ဝက်ဂုတ်သား
နဲ့ ကြက်ဥချောင်းကင်ထားတယ်

ဆုမြတ် -- အိုကေ ..

ထိုစဉ် ခက်မွန် အခန်းမှ Alarm သံက ထွက်
ပေါ်လာသည် 🎶

ပိုး -- ခက်မွန်ရဲ့ Alarm မြည်နေတာ
၃ကြိမ်ရှိပြီ ဆုမြတ် ရေ သူ့ကို သွား
နှိုးလိုက်ပါဦး။

ဆုမြတ် -- သူ မနေ့က ပင်ပန်းသွား
လို့ တူတယ် သူပဲ ဒိုင်ခံ ပြင်နေတာကို

ပိုး -- အွန်း သွားနှိုးလိုက် ပြီးရင် ရေချိုး
ပြီး ငါတို့ မနက်စာစားရအောင် ..

ဆုမြတ် -- အွန်း

ဆုမြတ် .. ခက်မွန် အခန်းစီသို့ ဝင်သွား၍
Ph Alarm ကို ပိတ်လိုက်ပြီး ခက်မွန်ကို
လှုပ်၍ နှိုးလိုက်သည်။

ဆုမြတ် -- ခက် .. ခက်မွန်ရေ

ခက်မွန် -- ဟင်

ဆုမြတ် -- ထတော့ ၉ခွဲကျော်ပြီ နင့်ရဲ့
alarm တွေလည်း ဘယ်နှစ်ကြိမ်မှန်း
မသိမြည်နေတာ ..

ခက်မွန် -- ဟုတ်လား? ahhh! အိပ်ရေး
မဝသေးဘူးရော

ဆုမြတ် -- မဝလည်း ထတော့ ၁၁ အလုပ်
သွားကမှာ .. ပိုးတောင် မနက်စာ ချက်နေ
တယ်

Falling In Love with SomeoneWhere stories live. Discover now