Episode-3

333 15 1
                                    

Episode-3

"ဘွား..ဘွား...ဟာကွာ...လန့်လိုက်တာ..."

မြေ တယောက် ရည်းစားများကို တစ်ခွန်းမိန့်မွှေထားသမျှလျောက်ပတ်လိမ်ပြီး အိမ်သို့ပြန်လာခိုက် တိတ်ဆတ်နေသောအနေအထားကြောင့်ဘွားအားတခေါ်မိသည်...

"ကိုမိုးထိမြေ နှိုင်းကိုလန့်သွားတာလား..."

"ဟုတ်တယ်လေ ဘာမပြောညာမပြောနဲ့ရှေ့ကတည့်"ကြီးပေါ်လာတာကို..."

"ဟို..ဘွားက ကုမ္မဏီမှာအရေးကြီးကိစ္စပေါ်လာလို့သွားတယ် ဒေါ်"အေးကစျေးသွားတယ် နှိုင်းကိုနေခဲ့ဆိုလို့..."

"ဒါဆို မင်းကအခုဘာလုပ်နေတာလဲ"

"ဘုရားပန်းအိုးလဲမလို့.."

နှိုင်းဖြေလိုက်တော့ငြိမ်ကျသွားသောသူ့ကြောင့် ဘာမှဆက်ပြောမနေတော့ပဲ စားပွဲမှာချထားသောနှင်းဆီပန်းများကိုပန်းအိုးထဲသာစိုက်ထည့်နေတော့သည်။သူ့ကြည့်ရတာလဲ အိမ်မှာ၂ယောက်ထဲရှိတာတောင်ကြောက်ဟန်မပေါ်တာကြောင့် မြေစဥ်းစားရကျပ်သွားရင်း အပေါ်ထပ်သာတက်နေဖို့ဆုံးဖြတ်ပြီး လှည့်ထွက်ခဲ့စဥ်...

"အာ့..."

"မင်းဘာဖြစ်တာလဲ နှိုင်းမရ...ကိုယ့်ကိုပြစမ်း"

"ရပါတယ်...နှင်းဆီပန်းကဆူးစူးသွားလို့..."

"ဘာရတာလဲ ဒီလောက်သွေးတွေထွက်နေတာကို ကျစ်...."

မြေ တခါမှမလှုပ်ရှားဖူးသောစိတ်အစဥ်တွေကလှုပ်ရှားလာရင်း ဘာမှထပ်မတွေးတော့ကာ သွေးထွက်နေသောနှိုင်းလက်ချောင်းအား ပါးစပ်အတွင်းသို့ငုံယူလိုက်မိသည်။နှိုင်း သူ့လုပ်ရက်ကိုအကြောင်သားကြည့်နေမိရင်း လက်ကိုပဲသူ့ပါးစပ်ထဲကပြန်ဆွဲထုတ်မလား စဥ်းစားနေစဥ်  ပြန်ထုတ်လိုက်သောသူ့ကြောင့် နှိုင်းနေရချောင်သွားမိသည်..

"မင်းအဆင်ပြေရဲ့လား.."

"ဟုတ်....အဆင်ပြေပါတယ်..ကျေးဇူးပါပဲ.."

"အင်းး...ဒါဆိုကိုယ်အပေါ်တက်ပြီ"

နှိုင်း သူသွားတာကိုငေးကြည့်ရင်းတလှည့် ကိုယ့်လက်ကိုလဲ ကြည့်ရင်းတလှည့်ဖြင့်အမျိုးအမည်မသိသောစိတ်လှုပ်ရှားမှုတို့ကစိုးမိုးလာပြန်သည်။ပြုံးရောင်သမ်းနေသောကိုယ့်နှုတ်ခမ်းကိုပြန်လည်တို့ထိရင်း စိတ်အစဥ်တို့ကမြေ့ဆီသာပုံအောသွားတော့သည်..

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

မောင့်......အသည်းဘဝင်🍁Where stories live. Discover now