Episode-1

518 14 3
                                    

မိုးထိမြေ အိပ်ပျော်နေရာမှ မျက်လုံးများမပီမပြင်နိုးလာကာ လက်က ဘေးစားပွဲပေါ်တင်ထားသည့်ဖုန်းကိုကောက်ကြည့်မိသည်။အချိန်က မနက် ၉နာရီပင်ရှိပင်ဖြစ်သည်။မနက်တိုင်း သူတို့သူငယ်ချင်းတွေဆုံနေကျ အအေးဆိုင်တွင်ဟိုကောင်တွေရောက်နေလောက်ပြီ။မြေ အိပ်ချင်မူးတူးဖြင့် အင်္ကျီမှကြယ်သီများကိုဖြုတ်ချရင်း ရေချိုးခန်းထဲသို့ဝင်သွားသည်။

အတန်ကြာတွင်ပြန်ထွက်လာပြီး ဗီရိုထဲမှ T shirtတထည်နှင့် ဂျင်းဘောင်းဘီကိုကောက်စွတ်လိုက်ကာ ခေါင်းလျှော်ထားတာကြောင့် ခေါင်းမှရေစက်လေးများတွဲလဲခိုနေသည်။နဂိုထဲကရုပ်ထွက်တာကြောင့် ဘာမှသေချာမပြင်ဆင်ရသေးပေမဲ့ ကြည့်ကောင်းသွားကာ မဲနက်နေသော ဆံပင်များနှင့် ထူထဲနေသောမျက်ခုံးကောင်းမှုကြောင့် မှန်ထဲမှသူ့ရုပ်သွင်ကရှင်းသန့်နေ၏။ဒီပြင့်ယောင်္ကျားတွေလို နှုတ်ခမ်းမွှေးရေးတေးတေးနှင့်မနေတတ်သောကြောင့် အမြဲရှင်းရျ် ရိတ်ထားသောနေရာ၌စိမ်းဖန့်နေသည်က ကောင်မလေးတွေကြွေသည့်အချက်တချက်ပင်ဖြစ်သည်။ဆံပင်ကိုလူငယ်ပီပီ နဖူးပေါ်သို့စုံပုံချလိုက်ပြီး မြေ့ပုံစံကဂျစ်ကန်ကျန်လေးနှင့် ချစ်ဖို့ကောင်းနေသည်။အားလုံးပြင်ဆင်ပြီး လေလေးတချွန်ချွန်နဲ့အောက်ထပ်ကိုဆင်းလာခဲ့ရင်း အိမ်ကြီး၏မော်ကြွားမှုနှင့် ပနံသင့်နေသည်။အောက်ရောက်တော့ မြေ မျက်လုံးကိုဝေ့ဝဲကြည့်ရင်း အပြင်ထွက်ရန်ချောင်းမြောင်းတော့သည်။

"မြေး ဒါကဘယ်လဲ......"

မြေ တံခါးအပြင်ဘက်သိူ့ခြေထောက်ချခါနီး အဘွားဖြစ်သူ ဒေါ်မိုးစံ အသံကြောင့် သွားပြီဟုစိတ်ထဲတေးမှတ်မိသည်။မြေ သက်ပြင်းငွေ့"ချလိုက်ရင်း စပ်ဖြီးဖြီးနှင့် ဘွားဘက်လှည့်လာမိသည်။

"morning ဘွား ဟဲ...မြေး ထန်တို့နဲ့ချိန်းထားလို့...."

မြေးစကားကြောင့် ဒေါ်မိုးစံ မျက်ခုံးတချက်ပင့်တက်သွားသည်။မသိရင်ခက်ဦးမယ် မြေ့အကြောင်းတော့ ဒီကောင်လေး တော်တော်ခြေရူပ်နေသည်ဟု ဒေါ်မိုးစံသတင်းရသည်။ရုပ်လေးကလဲချောကာ မိဘဂုဏ်အရှိန်အဝါရော မြေးမှာအပြည့်ပဲမို့ မတော်တရော်တွေနှင့် မြေးလေးတွေ့ကာ မဟုတ်မဟတ်တာတွေဖြစ်မှာတွေးပူရသည်။လူငယ်ဆိုတော့လဲ လွတ်လပ်မှု သာယာမှုရှာသည်ကိုအပစ်မပြောချင် ပြီးတော့ မိဘမေတ္တာငတ်နေသည့်ကလေးပေမို့ ဒေါ်မိုးစံငယ်ထဲကအလိုလိုက်ခဲ့တာလဲ မြေအသိဆုံးပေ။မဖြစ်သေးပါဘူး စဥ်းစားထားသည့်ကိစ္စကိုအမြန်အကောင်အထည်ဖော်ရန်တွေးလိုက်သည်။

မောင့်......အသည်းဘဝင်🍁Where stories live. Discover now