Episode -2

198 8 1
                                    

Episode-2

ဒီလိုနှင့်ရက်တိုလာသော သူ၏လူပျိုရက်ကို ဘွားကတိုက်စားယူမှုတို့ကြောင့် နှိုင်းမရအိမ်ကိုရောက်ပြီးတပတ်လောက်ကြာသည့််အချိန်တွင်စေ့စပ်ပွဲကအထမြောက်သွားခဲ့သည်။သို့သော် ​မြေ မပျော်ရွှင်ဘူးဆိုတာထက် ပိုရျ်စိတ်မချမ်းသာများဖြစ်အောင်လုပ်သည်က ဒယ်ဒီနဲ့မာမီပင်။သားဖြစ်သူ၏စေ့စပ်ပွဲနေမှာတောင် ရောက်လာခြင်းမရှိသည့် သူ့မိဘတွေအား မြေဘယ်လိုများနားလည်ပေးရပါ့မလဲ။ထို့ကြောင့် ရင်ထဲကအစိုင်အခဲတွေကိုဆက်ကာမထိန်းထားနိုင်တာမို့ စေ့စပ်ပွဲပြီး နောက်​ေန့ရောက်သည်နှင့်ပင် ခြေမချတာကြာပြီဖြစ်သော ဒယ်ဒီနှင့်မာမီရှိရာအိမ်သို့ရောက်သွားမိသည်။

"ကောင်းကြသေးရဲ့လားဗျာ။သားတယောက်လုံးရဲ့စေ့စပ်ပွဲကိုမလာနိုင်ရအောင်ထိတောင်​ဆိူတော့ ကျွန်တော်က မာမီတို့ရဲ့သားအရင်းမဟုတ်ဘူးလား..."

"သား အဲ့လိုမပြောနဲ့ကွာ။ဒယ်ဒီ မနေ့ကအရေးကြီးတဲ့meetingရှိလို့ မအားတာနဲ့သားဆီမလာဖြစ်တာ..."

"မာမီလဲ အရေးကြီးတဲ့ပွဲရှိလို့၊အဲ့ဒါကလဲခါတိုင်းထက်ငွေပိုရမှာမလို့..."

"တော်ကြပါတော့...ကျွန်တော့်မှာမာမီနဲ့ဒယ်ဒီတို့လိုမိဘတွေရှိတာ မိဘမဲ့ကောင်နဲ့ဘာမှမခြားပါဘူး။ဒယ်ဒီနဲ့မာမီတို့ရဲ့မပြေလည်တဲ့အိမ်ထောင်ရေးကြားမှာ ကျွန်တော်ကဓားစာခံဖစ်ခဲ့ရတယ်။ဒါပေမဲ့ အဲ့ဒါကဒယ်ဒီနဲ့မာမီတို့အပိုင်းပဲ။ဆိုးတာက ကျွန်တော့်ကိုတောင်တချကမကြည့်ပဲ ငွေနောက်ငမ်း"တက်လိုက်နေကြတာပဲ...."

မြေ ငရဲကြီးခါမှကြီးရော စိတ်ထဲရှိတဲ့အတိုင်းအော်ပစ်လိုက်မိသည်။သိတတ်စအရွယ်ထဲက ဘွားကသာအချစ်တွေအကုန်သူ့ပေါ်စုပုံပေးခဲ့ပေမဲ့ ဒယ်ဒီနှင့်မာမီတို့ကတော့ မွေးထားရုံသားလို့အမည်တတ်ရုံမှအပ ချစ်ခြင်းမေတ္တာဆိုတာ မြေတခါမှမခံစားခဲ့ရဖူးးး။ချစ်လို့လက်ထပ်ခဲ့ကြတဲ့ ဒယ်ဒီနဲ့မာမီက မာနတွေသူတပြိုင်ကိုယ်တပြိုင် ပြိုင်ရင်း တအိမ်ထဲနေပြီး ကျောခိုင်းနေကြတာ မြေ့တသက်ပင်။ထို့ကြောင့် မြေအချစ်ကိုအယုံအကြည်မရှိ။အိမ်ထောင်ဆိုသည့် စကားကိုပိုလိုတောင် စိတ်ပျက်လာမိသည်။

မောင့်......အသည်းဘဝင်🍁Onde as histórias ganham vida. Descobre agora