အဲ့နေ့ပြီတည်းကနေ ဆူဂျီ ကျောင်းမလာတာ သုံးရက်ရှိပြီ။ ဂျာအွန်းတို့ဖုန်းဆက်လဲမကိုင်။ အိပ်ခန်းထဲမှာပဲ ကြေကွဲလူငယ်ဖြစ်နေလေရဲ့။
ဟာရင်းကိုယ်တိုင်လဲ ဆူဂျီ ထိုင်နေတဲ့ နေရာကို ငေးကြည့်နေမိတယ်။ဆူဂျီကျောင်းမလာတာမို့ နည်း"စိတ်ပူသလိုတော့ဖြစ်မိတယ်။သူပြောလိုက်တာလွန်သွားသလားဆိုတဲ့အတွေးရောပေါ့။ဒါမယ့်လဲဘယ်တတ်နိုင်ပါ့မလဲ သူပြောခဲ့ပြီပြီလေ ဘာမှဆက်လုပ်လို့မရတော့ဘူးဆိုပြီတွေးရင် စာကိုသာအာရုံစိုက်နေလိုက်တယ်။
ဆူဂျီ အခန်းထဲရှိနေတုန်း တံခါးခေါက်သံကြောင့်
"ဝင်ခဲ့ပါ"ဟုသာပြောလိုက်တယ်။ ထင်တဲ့အတိုင်း
ဂျာအွန်းတို့အုပ်စုပါပဲ။
"ရားး ဘာလို့ကျောင်းမလာတာလဲ စာပို့လဲမပြန်ဖုန်းလဲမကိုင်နဲ့။
ဂျားအွန်းကမေးလိုက်တယ်။"အေ့လေ ငါတို့စိတ်ပူနေတာကို ဘာဖြစ်နေတာလဲ တစ်ခုခုဖြစ်နေတာလား" ယယ်ရင်မ်းက ထပ်မေးလိုက်ပါတယ်။
"ငါဘာမှမဖြစ်ပါ"ဘူးဟာ
"ဖြစ်နေတာကိုမဖြစ်ဘူးလုပ်နေတာ နင်ပုံစံကြည့်တာနဲ့အသိသာကြီး ပြောစမ်းပါဟာ ငါတို့ရှိတာကို" ဂျာအွန်းကပြောလိုက်တယ်။
ဆူဂျီ ---ငါ ဟာရင်းကို ကြိုက်တယ်ဆိုတာလေ ငါလဲမပြောရသေးဘူး သူသိပြီတော့ အဲ့နောက်နေ့ပြီ သူငါ့ကိုရှောင်တယ် အာ့ကြောင့်ငါလဲမေးကြည့်တာ သူကငါ့ကိုမုန်းတယ်လာမပက်သပ်နဲ့ဆိုပြီပြောသွားတာ"
ယယ်ရင်မ်း---ဟာ လွန်တာပေါ့ ဘယ်သူတုန်းဟ သွားပြောတာ
ပြီတော့ ငြင်းတာကလဲ ရိုးရိုးငြင်းလဲရတာကို အဲ့လိုခါးခါးသီးသီးပြောလိုက်ကျ ။
"ခုနင်ဘယ်လိုဆက်လုပ်မှာလဲ"
ဆူဂျီ---ငါလဲမသိတော့ဘူးဟာ စိတ်တွေညစ်လာပြီ မစခင်တည်းကနေရှုံးသွားတာ။ယယ်ရင်းမ်း---နင်မနက်ဖြန်တော့ ကျောင်းလာတော့ ကျောင်း ကလေ့လာရေးခရီးက နောက်နှစ်ရက်လောက်ဆိုသွားရမှာ အဲ့တာ ဆရာ လိုတာတွေပြောမှာမို့။
ဆူဂျီ--အင်းပါ ငါလာခဲ့ပါမယ်။ နင်တို့လဲကျေးဇူးတင်တယ် အိမ်ထိလာပေးလို့။ နောက်ကျောင်းရောက်မှပဲမုန့်ဝယ်ကျွေးတော့မယ်။
"အိုကေပါ"နင်သာအဆင်ပြေအောင်လုပ်"ဟု ယယ်ရင်မ်းကပြန်ပြောလိုက်တယ်ဆူဂျီ ကျောင်းရောက်တော့ ဟာရင်းကိုတွေ့တယ် နှုတ်ဆက်ချင်သော်လည်မနှုတ်ဆက်ဖြင့် နေရာမှာသာဝင်ထိုင်လိုက်တယ်။အရင်လိုတူတူလဲမထိုင်ဖြင့်တော့။ သူ့ကို ခါး"သီး"ပြောပြီ ဘာမှမဖြင့်ခဲ့သလို ဟာရင်းကိုယ်တိုင်က အတန်းထဲမှာပျော်"ရွှင်"စကားပြောနေတာကြည့်ပြီ ပိုရင်နာရတယ်။ တကယ်ပဲ ဟာရင်း ကသူ့ကိုသူငယ်ချင်းထပ်မပိုခဲ့ဘူးပဲ။ သူငယ်ချင်း ခုဆိုသူငယ်ချင်းတောင်မဟုတ်တော့ပဲ သူစိမ်းပဲ.
ဆူဂျီ ဟာရင်းကိုကြည့်ပြီ အတွေးများနေတုန်း ဟာရင်း ဆူဂျီဘက်လှည့်လာတာမို့ အကြည့်ချင်ဆုံးမိသွားတယ်။ ဒါမယ့် ဟာရင်း ကပဲ အရင်အကြည့်ကိုလွှဲသွားခဲ့တယ်။
ငါ့ကိုဘယ်လိုဖြစ်စေချင်တာတုန်း ဟာရင်းရာ"ဆူဂျီတွေးလိုက်မိတယ်။..
အတန်းထဲဆရာဝင်လာ..
"ကလေးတို့ ကျောင်းလေ့လာရေး ခရီးတွက် သေသေချာချာပြင်ဆင်ခဲ့ကြနော် သုံးရက်တာပဲမို့" တစ်ခြားလိုတာတွေပါပြောပြီ ဆရာပြန်ထွက်သွားလိုက်တယ်။
ဆရာထွက်သွားတော့ ဆူဂျီလဲအခန်းထဲနေချင်စိတ်မရှိ ဟာရင်းကိုတွေ့ရင် သူပိုနာကျင်ရတာမို့..အတန်းပြေးမို့လုပ်ပါတယ်။
ဆူဂျီ အတန်းထဲက ထွက်သွားတာကို ဟာရင်း မြင်ခဲ့တယ် မြင်ရက်နဲ့မတားခဲ့မိဘူး ခုတလော သူအတန်းတွေ ကျောင်းတွေပျက်တာများနေပြီ အရင်ကလိုဆို သူတားမိမှာ ခုက ဟူးး..ဟာရင်းလဲ သက်ပြင်းပဲချလိုက်တော့တယ်။ "ငါ့ကိုများမုန်းသွားပြီလား ဆူဂျီ"" ဟာရင်းတွေးလိုက်တယ်။