2

434 35 1
                                    

ဆူဂျီ ကျောင်းမှ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီ အဖေနဲ့အတူထမင်းစားရန်ပြင်တော့သည်။ထမင်းစားနေတုန်း ဆူဂျီ အဖေမှ
"ကျောင်းပထမဆုံးနေ့တက်ရတာအဆင်ပြေရဲ့လား"ဟုမေးလေသည်။
"ဟုတ် ပြေပါတယ် ဟု သာ ဆူဂျီပြန်ဖြေလိုက်တယ်"

🔺
ထမင်းစားပြီတော့ ပင်ပန်းနေပြီမို့ အိပ်ခန်း‌ထဲဝင်ပြီ အိပ်ယာပေါ်အိပ်ချလိုက်သည်။ ရုတ်တရက် အတွေးထဲ ဘဲ့ဟာရင်းကို တွေးမိလေတယ်။ "ဟာ ဘာလို့တွေးနေတာတုန်း..ငါသူ့ကိုကြိုက်နေပြီလား မဟုတ်တာ ဒီနေ့မှတွေ့တာ ကြိုက်စရာလား" အတွေးတွေရပ်ပြီအိပ်မို့ပြင်နေတာ ဟာရင်း အကြောင်းပဲတွေးမိနေလို့ တော်ရုံအိပ်မပျော် နောက်ကျမှအိပ်ပျော်ခဲ့တယ်။

🔺🔺
ညကနောက်ကျမှ အိပ်‌ပျော်တာမို့ မနက်ကျောင်းသွား တော့ စောစောထရတာမို့ ဆူဂျီ အိပ်ရေးမဝခဲ့ပါ။  ကျောင်းခန်းထဲရောက်တော့ ဆူဂျီကို အရင်နှုတ်ဆက်တာ အင်မ်ရယ်ရင်း တို့အုပ်စုပင်။ သူတို့ကို ဆူဂျီကျောင်းပြောင်းတဲ့နေ့မှာပင် အရင်ခင်သွားတဲ့သူတွေပါ။.
အင်မ်ယယ်ရင်းတို့ အုပ်စုမှာ သုံးယောက်ရှိတယ်။
အင်မ်ယယ်ရင်း/ရှင်းအွန်ဂျောင်း/မြောင်ဂျာအွန်း/

အင်မ်ယယ်ရင်း သူက ဘဲ့ဟာရင်း ပြီရင် ‌ကျောင်းမှာဒုတိယနာမည်အကြီးဆုံးပဲ သူလဲ ဘဲ့ဟာရင်းနီးပါလှပါတယ်။
ရှင်းအွန်ဂျောင်း က ရေကူးချန်ပီယံ သူ့ဘဝမှာ အရေးကြီးဆုံးက အင်မ်ရယ်ရင်းနဲ့ရေကူးတာပင် အင်မ်ယယ်ရင်းကဘာလို့ပါလဲဆိုတော့ အွန်ဂျောင်းက ယယ်ရင်း ကိုကြိုက်နေလို့ပါ တစ်ဖက်သက်။ တစ်ခါတစ်လေ သူ့ကို ငတုံးဆိုပြီ မြောင်ဂျာအွန်းကခေါ်ပါတယ်။

မြောင်ဂျာအွန်း သူလဲ အူတူတူအတတလေးပါပဲ အဖွဲ့ထဲ သူအနေအအေးဆုံးပင် ဒါမယ့်ခင်မို့တော့ကောင်းပါတယ်။
🔺🔺

ဆူဂျီ သူတို့ကိုပြန်နှုတ်ပြီ အိပ်ငိုက်နေတုန်းမို့အတန်းထဲရောက်တော့ ထပ်အိပ်လိုက်ပါတယ်။ အိပ်နေတုန်း ဟာရင်းကရောက်လာတော့ ဟာရင်းကိုပြန်နှုတ်ဆက်ပြီ ပြန်အိပ်လိုက်ပါတယ်။ အတန်းထဲ ဆရာရောက်လာတော့ ဆူဂျီ ကို ဟာရင်း နှိုးလိုက်တယ် ဒါတောင်စာသင်နေတဲ့တစ်လျှောက် အိပ်ငိုက်နေတဲ့ ဆူဂျီ ကိုဟာရင်းကြည့်ပြီ သနားသလိုနဲ့ ရီမိလိုက်ပါတယ်။

🔺🔺
နေ့လည်ကျောင်းဆင်းတော့ ယယ်ရင်းတို့နဲ့အတူမုန့်သွားစားခဲ့တယ်။

မုန့်စားပြီပြန်လာတော့ အတန်းထဲ ဟာရင်းထိုင်းနေတာကို တွေ့ခဲ့တယ် ထုံးစံအတိုင်းစာဂျပိုးက စာလုပ်နေတာပါပဲ။
အတန်းထဲဝင်ထိုင်လိုက်တော့ ဟာရင်းမှ
" နင်ဘာလို့ဒီလောက်တောင်အိပ်ငိုက်နေတာလဲ ညက မအိပ်ဘူးလား"ဟု ဆူဂျီကိုမေးလိုက်တယ်။

ဆူဂျီ စိတ်ထဲတွင်
"အဲ့ တာ နင့်ကြောင့်မို့ ဘဲ့ဟာရင်းရေ နင်အကြောင်းပဲတွေးလို့ ညဘက်မအိပ်ပျော်တာ "
ဟုပြန်ပြောလိုက်ချင်တယ်သော်လဲ တကယ်တမ်း ကျ '
ဟုတ်တယ် ညက သိပ်အိပ်မပျော်လို့" ပဲပြန်ဖြေလိုက်ပါတယ်။ ထိုနောက် ဟာရင်း မှ

"အိပ်ပျော်အောင်အိပ် အိပ်ရေးမဝရင် အရပ်မထွက်လာပဲနေမယ်ဟု စလိုက်သည်။
ဟာရင်း စတာမို့ ဆူဂျီမှာ ဘာမှတောင်ပြန်မပြောနိုင်ပဲ ရီပဲရီနေလိုက်ရင်း "စတာတောင်ချစ်စရာလေးပါလာဆိုပြီတွေးတောင်တွေးလိုက်ပါသေးတယ်။

အဲ့နေရာမှာသာ ယယ်ရင်းတို့အုပ်စုဆိုရင် သူပြန်ရန်တွေ့နေမှာ အသေချာပင်။..

First love Where stories live. Discover now