5

291 31 2
                                    

ဒိုအာ က ဟာရင်းကို သူကြားခဲ့တာတွေအကုန်ပြန်ပြောလိုက်တယ့်အခါ ဟာရင်း ဝမ်းနည်းသလိုနဲ့စိတ်တွေရှုပ်လာတယ်။

ဆူဂျီ ကျောင်းခန်းထဲဝင်လာပြီ ဟာရင်းကိုနှုတ်ဆက်တော့ ဟာရင်း သူနှုတ်ဆက်တာကိုမသိချင်အောင်ဆောင်ပြီ လျစ်လျူရူခဲ့တယ်။

ဆူဂျင်းစိတ်ထဲ(သူ မ တွေ့လို့နေမှာပါဆိုပြီ)ဖြည့်တွေးလိုက်ပါတယ်။

နောက်တစ်ခုက ဆူဂျီ နဲ့တူတူထိုင်နေရာကနေ ဟာရင်း ဒိုအာ နားပြောင်းထိုင်လိုက်တယ်။ ဆူဂျီစိတ်ထဲ ဝမ်းနည်းသလိုဖြစ်နေပြီ အတန်းပြီးရင် ဟာရင်းကိုမေးမို့လုပ်လိုက်တယ်။

အတန်းနားချိန်ရောက်တော့ ..

ဆူဂျီ ဟာရင်းရဲ့ လက်ကိုဆွဲပြီ ""ဘာလို့ငါ့ကို ရှောင်နေတာလဲ" ငါနှုတ်ဆက်တာလဲပြန်မနှုတ်ဆက် တူတူလဲလာမထိုင် ဖုန်းလဲမကိုင် စာပို့တာလဲမပြန်နဲ့"ဘာလို့လဲ"ဟုမေးလိုက်တယ်။

ထိုအခါ ဟာရင်းမှ "ဒီတိုင်းပဲလေ နင်နဲ့မနေချင်လို့"ဆိုပြီ အေးတိအေးစက်ပြန်ဖြေလိုက်တယ်။

ဆူဂျီ--ငါဘာလုပ်မိထားလို့လဲ နင်စိတ်ဆိုးအောင် ငါဘာလုပ်မိထားမှန်းမသိပေမယ့် တောင်းပန်ပါတယ် ငါ့ကိုအဲ့လိုအေးတိအေးစက်ကြီးမဆက်ဆံပါနဲ့" ဆူဂျီ ကဝမ်းနည်းနေတဲ့လေသံနဲ့ပြောလိုက်လေတယ်။

ဟာရင်း--ငါသိတယ် ဆူဂျီ နင့်ငါ့ကိုကြိုက်နေမှန်း။ငါမှာတော့ နင့်ကို သူငယ်ချင်းမို့ဖြူဖြူစင်စင်ပဲခင်နေတာနင်ကတော့ ငါ့ကို သူငယ်ချင်းအဆင့်ထပ်ပိုနေတာပဲ။ အဲ့တာဆို ငါ့ကို ဂရုစိုက်ပေးတာရော ငါကိုပျော်အောင်လုပ်ပေးခဲ့တာတွေကောရ နင် ငါ့ကိုဆီက အကောင်းမြင်ခံရပြီ ငါ့ဆီက အဖြေလိုချင်နေလို့ လုပ်နေတာတွေပဲမလား" ဟာရင်းစိတ်တိုသလိုနဲ့ပြန်ပြောလိုက်တယ်

ဆူဂျီ---မဟုတ်ဘူး ဟာရင်း ငါ့ရှင်းပြတာကိုနားထောင်းဦး။အေဟုတ်တယ် နင့်ကို ငါကြိုက်နေတာတော့မှန်တယ်။ဒါမယ့် ငါလုပ်ပေးခဲ့တာတွေကနင့်ဆီကအဖြေတစ်ခုတည်းရချင်လို့မဟုတ်ဘူး ငါစိတ်ထဲက တကယ်နင့်ကိုချစ်လွန်းလို့ နင့်ကိုပျော်စေချင်လို့ အဲ့စိတ်တစ်ခုပဲရှိခဲ့တာ။

ဟာရင်း---တော်ပြီ ဆူဂျီ ငါ့ကိုဘာမှလာရှင်းပြမနေနဲ့
မကြားချင်တော့ဘူး။နောက်လဲငါနဲ့လာမပက်သက်ရင်ကောင်းမယ်။နင်ပြောသလိုငါ့ကိုပျော်စေချင်တယ်ဆိုရင်" ဟာရင်းပြောပြီ ထွက်သွားလိုက်တယ်

ဆူဂျီကတော့ ထွက်သွားတဲ့ ဟာရင်းရဲ့ ကျောပြင်လေးကိုကြည့်ရင် မျက်ရည်တွေနဲ့ဝမ်းနည်းစွာကျန်ခဲ့တယ်။ စတွေ့တုန်းကလေ ပြုံးပျော်ပြီထွက်သွားတဲ့ဟာရင်းရဲ့ကျောပြင်ကို ကြည့်ရင်းပြုံးသလို ခု ကျတော့ ပုံစံတူပဲ ဒီတစ်ခါတော့ ဝမ်းနည်းစွာနဲ့ပေါ့။

▪️▪️▪️▪️▪️

First love Wo Geschichten leben. Entdecke jetzt