p-1

206 8 0
                                    

သူမမောင်၏ရှင်ပြုရှိသည်မို့နယ်မှအမျိုးများသည်သူမတို့အိမ်သို့ကိုယ်စီရောက်ရှိလာကြလေသည်။ သူမ၏ဝမ်းကွဲညမနှင့်စကားပြောနေတုန်းဖုန်းတစ်‌ေကာဝင်လာ‌ေလသည်။

"ဟဲလို မေမေ.."

"သမီး...ယဥ်တို့လာပြီ တံခါးဖွင့်‌‌ပေးလိုက်အုံး‌နော်.. မေမေတို့သမီးအတွက်ပုသိမ်ထီးသွားဝယ်ရအုံးမယ်"

"ဟုတ်မေမေ"

တံခါးခေါက်သံကြောင့်သူမအခန်းထဲမှထွက်ခါ တံခါးသွားဖွင့်ပေးလေသည်။ ခန္နာကိုယ်ချပ်"ရပ်"ရှိပြီးမြင်သူတိုင်းအမြင်အေးသည့်အမျိုးသမီး၊ သူမအဖွားအရွယ်နီးပါးရှိသည့်အမျိုးသမီးကြီးတစ်ဦးနှင့်အမျိုးသားကြီးတစ်ဦး၊ သူမထက်ငယ်သည့်ကလေးတစ်ဦးတို့သည်အထုပ်အပိုးများဖြင့်အိမ်ရှေ့ရောက်နေကြသည်။ သူမသည်ထိုသူများအား၂နှစ်‌အရွယ်လောက်တုန်းကသာမြင်ဖူးပြီး၁၄နှစ်အရွယ်ရောက်သည်အထိတစ်ခါမှမမြင်ဖူးသောကြောင့်သူမဘယ်သူဘယ်ဝါမှန်းမသိပေ။ တံခါးဖွင့်ပေးပြီးနောက် သူမအဖွားရောက်လာကာ

"မမြင့်နန်း..ရောက်လာကြပြီးလား"

"ဟုတ်ကဲ့အရီးလေး"

"ပင်ပန်းလာကြပြီ..နားကြအုံးကွယ်"

"ဟုတ်ကဲ့အရီးလေး"

"မယဉ်.."

"ရှင်..ဖွားလေး"

"ညည်းကမပြောင်းလဲပါလားအေ"

ရှက်ပြုံးလေးပြုံးနေသည့်အမျိုးသမီးသည် ယောင်္ကျားသားများအားဆွဲဆောင်လေသည်။

"ဖွားလေးကလဲ..မြှောက်နေပြန်ပြီ"

"လွတ်လွတ်လပ်လပ်နေကြ..ကိုယ့်အိမ်လိုသဘောထား"

"ဟုတ်ကဲ့ ဖွားလေး...ဒါကဘယ်သူလေးလဲ"

"အဲ့တာညည်းညီမ ကေဇင်နန်းထိုက်မောင်လေကွယ်"

ဒေါ်မြင့်နန်းသည်ယဉ်ဇာနည်နန်း၏အမေဖြစ်ပြီး‌ေမာင့်အဖိုး၏တူမအရင်းပင်။ ယဉ်ဇာနည်နန်းတွင်ညီမတစ်ဦးနှင့်‌ေမာင်နှစ်ဦးရှိပြီး ဝမ်းကွဲမောင်နှမများထဲတွင်လည်းအကြီးဆုံးဖြစ်သည်။ သူမသည်ချောမော၍ပိုပန်းကြသူများရှိသော်လည်းအပျိုကြီးသာလုပ်နေသူ။ အမျိုးထဲတွင်အော်ကြောလန်ဖြစ်ပြီးစွာသော်လည်း သူမသည်စိတ်ရင်းအလွန်ကောင်းသူဖြစ်သောကြောင့် မည်သူမျှမငြိုငြင်ပေ။

မြတ်နိုးရသောအမျိုးသမီးWhere stories live. Discover now