အခန်း ၃

20 6 0
                                    

"ပင်လယ်ပြာ..... "

"ပြော...."

"အဲ့တာကြီးကိုမသောက်လို့မရဘူးလား......"

ကျွန်မ သူ့ကို အရင်လိုမဟုတ်ပဲ ခပ်အေးအေးမေးလိုက်တော့သူက ဆေးလိပ်ပြာကို လက်ဖြင့် ခြွေချလိုက်ရင်း ကျွန်မကို လှည့်ကြည့်လာပါသည်။
သူ့အကြည့် တွေထဲ တွင်လဲ အရင်လိုကျွန်မကို ရန်လိုခြင်းတွေမပါတော့ဘူးဟုတော့ထင်ရသည်။

အဲ့ဒိအတွက် ကျွန်မတစ်ကယ်ပျော်မိပါသည်။ကျိုက်ထီးရိုးတောင်ပေါ်မှ ကျွန်မတို့နှစ်ဦးသား အတူတူပြန်လာကတည်းက သူနှင့်ကျွန်မအကြားတွင်နားလည်မှုလေးတစ်ခုတော့ရှိလာသည်ဟုထင်မိသည်။ သို့သော် ကျွန်မ မကြိုက်တာတော့ ရှိပါသည်။ အဲ့တာကတော့ သူသည် ပြန်ရောက်ကတည်းက ဆေးလိပ်ကို ဆက်တိုက်သောက် နေခြင်းပါပင်။

ညဥ့်ပင်နက် တော့မည်။ သူအဲ့ဒိလိုတွေတရစပ်သောက် နေရင် ကျန်းမာရေး ကောင်းပါ့မလားဟု တွေးပူစရာပါပင်။

သူက မဲနက်ပြာလွင်ကြည်စင် နေသည့် ကောင်းကင် ပေါ်က ကြယ်ကလေးတွေကိုတစ်ချက် ပြန်မော့ကြည့်လိုက်ရင်းကျွန်မကိုအဖြေပေးသည်။

"ငါအေးလို့ပါ..... "

သူ့အဖြေက လုံလောက်သောအကြောင်းပြချက်ဖြစ်မည် လားမသိသော်လည်းကျွန်မကတော့မကျေနပ်ပါ။
သူ့အနားနားကိုတိုးကပ်ကာသွားလိုက်ရင်း ခန့်ညားနေသောသူ့မျက်နှာ ဘေးတစ်စောင်း
ကို ငေးစိုက်ကြည့်ပြစ်လိုက်သည်။

"တို့မကြိုက်ဘူး..... "

"ဘာလဲ အနံ့မွှန် လို့လား...... "

"အဲ့တာလဲ ပါသလို မင်း ကျန်းမာရေး အဆင်မပြေမှာဆိုးလို့လဲပါတယ်.... တို့ကြည့်နေတာ လေးလိပ်ရှိနေပြီ...... တော်သင့်ပြီထင်တယ်..... "

"ဒါကအမိန့်လားရှန်နီ...... "

"ဟင့်အင်း.... တို့က မင်းကောင်းဖို့ပြောနေတာပါပင်လယ်...... "

သူ့မျက်လုံးတွေအရည်လဲ့ဖြာသွားတာကို ကျွန်မအံ့ဩဖွယ် တွေ့ရပြန်သည်။
သူက ကျွန်မဘက်ကိုတစ်ဖြည်းဖြည်း လှည့်လာရင်းကျွန်မကို ငေးကြည့်နေ၏။

သူ့လက်ထဲမှ ဆေးလိပ်တိုဆီမှ ထွက်လာသော အငွေ့များသည် သူနှင့်ကျွန်မ၏ မျက်နှာအကြားတွင် ပျော်ရွှင်စွာကခုန်နေကြသည်။

From The Blues- အချစ်သည် ဘဝ တွင် တစ်ကြိမ် တစ်ခါသာ သင့်ထံ လာတတ်၏။ Where stories live. Discover now