အခန်း ၁

30 6 0
                                    

" လှလိုက်တာ ရှန် ရယ် ….. "

"ဟုတ်ပ လှလိုက်တာ! "

"ကြည့်ပါဦး ချစ်စရာလေး…. "

"မျက်လုံးလေးတွေက လည်း ထူးဆန်းလှချည်လား…. "

"ဟုတ်ပ တော် အပြာရောင် ဆန် တယ်နော်…."

"ကလေးမလေးက ချစ်ဖို့ကောင်းလိုက်တာ…. "

ခေတ်မှီဆန်းကြယ် လှပ အောင်ပြုပြင် မွန်းမံထားသော နိုင်ငံခြားဆန်ဆန် ပန်းခြံ ဝန်းကျယ်ကြီး ထဲ တွင် ကျွန်မကို ချီးကျူး နေကြသံ တွေကို ကြားနေရသည်။
ဒါသည် အံ့ဩ စဖွယ် မဟုတ်ပါပေ။
ကျွန်မ လူမှန်းသိတတ်စ အရွယ်ကတည်းက  ကျွန်မ ရဲ့ရုပ်ရည် နဲ့ပတ်သတ် ပြီး အခု လို ချီးကျူး ခဲ့ကြ သူ တွေ ကြီး ပဲရှိခဲ့တာကြောင့်ဖြစ်သည်။

ကျေလဲ ကျေနပ် အားရလွန်းမိပါသည်။

ကျွန်မ လို ရွှေပေါ်မြတင် သူဌေးသမီးတစ်ယောက်က ဒီလိုပဲ ချီးကျူးခံရမည် မဟုတ်ပါလား။

ပြီးတော့ ကျွန်မ က မွေးဖွားလာကတည်းက တစ်မူထူးဆန်းတဲ့ အသွင်အပြင် ရှိလေတော့ အခု လိုတွေ ချီးကျူးကြလေလေ ကျွန်မကိုယ်ကျွန်မ ကျေနပ် မိလေလေ ပါပဲ။

ကျွန်းသားစစ်စစ်ဖြင့် ဝိုင်းခတ် ပြုလုပ် ထားသော ကိုယ်လုံး ပေါ်မှန်ကြီး ရှေ့ တွင် နတ်သမီးတစ်မျှ လှပနေသော ကိုယ့်ပုံကိုယ် ပြန်ကြည့်လိုက်မိသည်။

ဆံပင်တွေက သံလွင် ရောင်ထနေပုံမှာ နေဝင်ဆည်းဆာ ၏ မြစ်ပြင်ကျယ်ကြီး ကဲ့သို့ တစ်လက်လက် တောက်ပ လှုပ်ရှားနေသကဲ့သို့။
ပုခုံးပေါ် နို့နှစ်ရောင် ဝတ်စုံလေးက ပြိုးပျက် လင်းလက်နေပုံမှာ လည်း တစ်ကမ္ဘာလုံးမှ ကြယ်ကလေး တွေ ကျွန်မရဲ့ ကိုယ်ပေါ်ကို စုရုံး ရောက်ရှိ နေကြသလို။
ဖြူဖွေးကာ ပုလဲ သဖွယ် ဝင်းလက် အုနှစ်နေသော အသားအရည် က ထို ဝတ်စုံ လေးအားပိုမို ပြိုးပျက် တောက်ပ သွားစေ၏။
သေးသွယ် ကာ ကျစ်လစ်သော ခန္တာကိုယ် အချိုး အဆစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် တောင် ပြန်လည် သဘောကျနေမိသည် ။

နောက်ဆုံးမှာတော့ ကျွန်မ အမြတ်နိုးဆုံးနေရာ။
မေမေ့ရဲ့ တစ်ခုထည်းသော အမွေ အနှစ်။

From The Blues- အချစ်သည် ဘဝ တွင် တစ်ကြိမ် တစ်ခါသာ သင့်ထံ လာတတ်၏။ Where stories live. Discover now