အခန်း (၇၄)

1.5K 265 44
                                    

Unicode

စုန်မိသားစု၌

"အ​ဖေ အဘိုးက အ​ဖေ့ကို ထပ်​​လာရှာပြန်ပြီလား" စုန်ချီမင်က ​မေးလိုက်သည်။

စုန်ဖင်ရှန်းသည် စိတ်မရှည်စွာဖြင့် "မင်းဒုတိယဦး​လေး ဘယ်​မှာလဲဆိုတာ မေး​နေတာ"

"ကျွန်​တော့်ဒုတိယဦး​လေးလား။ သတင်းအသစ်မရ​သေးဘူးလား" စုန်ချီမင်က ​မေးလိုက်သည်။

စုန်ဖင်ရှန်းသည် ​ခေါင်းခါလိုက်ကာ "မရဘူး"

"ဘာလို့ ရုတ်တရက်ကြီး သတင်းမကြားရတာလဲ" စုန်ချီမင် အထိတ်တလန့်ဖြစ်​နေမိသည်။ 

စုန်ဖင်ရှန်း ယ​နေ့လိုမျိုး​ မိသားစုနှင့် နိုင်ငံ​ရေးအသိုင်းအဝန်း​ထဲတွင် နေရာရလာခဲ့သည်မှာ စုန်ဖင်ယွမ်၏အကူအညီအများကြီး ပါဝင်​ပေသည်။ စုန်ဖင်ယွမ်၌ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူ့အတွက်လဲ မ​ကောင်းနိုင်​ပေ။

ရက်တစ်ချို့ကြာ​နေပြီမို့ သူပြန်လာသင့်​နေ​​​လေပြီ။

စုန်ဖင်ရှန်းသည် စုန်ဖင်ယွမ် တစ်​ယောက် အသက်မရှင်နိုင်​လောက်​တော့ဘူး ဆိုသည့် မ​ရေမရာခံစားချက်မျိုး ရ​နေ​ပေမဲ့ ထုတ်​တော့ မ​ပြောရဲ​ပေ။ စုန်ဖင်ယွမ်သာ မရှိ​တော့လျှင် သူတို့စုန်မိသားစု၏အ​နေအထားမှာ အန္တရာယ်ရှိလာ​ပေလိမ့်မည်။

"အ​ဖေ အဘိုးက ဒုတိယဦး​လေးကို ဘာအတွက်ရှာ​နေတာလဲ" စုန်ချီမင်က ​မေးလိုက်သည်။

"ကျန့်စူယာ အ​ခြေအ​နေမ​ကောင်းတဲ့ပုံပဲ။ သူမမိသားစုက သူမကို ကုသ​ပေးဖို့ ​နေရာတိုင်းမှာ လူ​တွေလိုက်ရှာ​နေတယ်။ မင်းအဘိုးက မင်းဒုတိယဦး​လေးရဲ့ ထင်မြင်ချက်ကို ​မေးချင်​နေတဲ့ပုံပဲ" စုန်ဖင်ရှန်းက ဆို၏။

"ကျန့်စူယာလား။ သူမ ဘာ​တွေဖြစ်​နေတာလဲ" စုန်ချီမင် မျက်လုံးများ ပြူးကျယ်လာ​လေသည်။

"သူမ ပူးကပ်ခံ​နေရတဲ့ပုံပဲ။ ကျန့်မိသားစုက ကြီးကြီးမားမားဆုချီးမြှင့်မှာ၊ ဒါ​ပေမဲ့ ဆုလာဘ်က​ အ​ရေးမကြီးဘူး။ ကျန့်စူယာကိုသာ တစ်​ယောက်​ယောက်က ကုသ​ပေးနိုင်ခဲ့မယ်ဆို ကျန့်မိသားစုတစ်ခုလုံးက သူ့ကို ​ကျေးဇူးဆပ်လိမ့်မယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now