အခန်း (၆၅)

1.2K 228 21
                                    

Unicode

"သခင်​လေးယဲ မင်း ဒီကိုမလာတာ​တောင် ရက်​တော်​တော်ကြာ​နေပြီ​နော်" အ​ရှေ့​ကောင်တာသည် ယဲဖန်ကို မြင်​တော့ စိတ်အားထက်သန်စွာ နှုတ်ဆက်လာခဲ့သည်။

ယဲဖန်က ​ခေါင်းငြိမ့်ကာ "ယွင်ရှီက လူအိုကြီးကို ဂရုစိုက်​ပေးဖို့ ​တောင်းဆိုထားလို့​လေ။ သူ့ကို မငြင်းပယ်နိုင်​တော့ အဲ့ဒီမှာ ရက်အ​တော်ကြာ ​သောင်တင်​နေခဲ့တာ​ပေါ့။ ယွင်ရှီ ဒီမှာရှိလား" 

"ရှိတယ်။ သူ့ရုံးခန်းထဲမှာ" အ​ရှေ့​ကောင်တာက ​နွေး​ထွေးစွာ ​ပြောလာခဲ့သည်။

"ဒီရက်​တွေမှာ သူ့ကို လာရှာတဲ့ မိန်းမ​တွေ ရှိခဲ့လား" ယဲဖန်သည် အ​လေးအနက် ​မေးလာခဲ့သည်။

အ​ရှေ့​ကောင်တာမှ ပြုံးကာ "ရှိတယ်။ ဒါ​ပေမဲ့ မင်းရဲ့ညွှန်ကြားချက်အတိုင်း သူတို့ကို အထဲဝင်ခွင့်မပြုခဲ့ဘူး" ထိုအရာသည် အ​ရှေ့​ကောင်တာကို တကယ် ​ခေါင်းကိုက်​စေ​လေသည်။ သူတို့ဟာ ချမ်းသာသည့် မိသားစုမှ ​ကျော်ကြားသူတစ်ချို့ ဖြစ်​လေသည်။ သူမက သူတို့ကို အထဲဝင်ခွင့်မပြုခဲ့သည့်အတွက် သူတို့ကို တကယ် ​စော်ကားမိခဲ့​လေသည်။

ယဲဖန်က ​ခေါင်းငြိမ့်ကာ "​ကောင်းပြီ​လေ။ ငါအ​ပေါ်တက်​တော့မယ်"

​နောက်​တော့ သူဟာ ​ပိုင်ယွင်ရှီရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။

ထို့​နောက် ဆိုဖာ​ပေါ်တွင် သင့်တော်​သော ​အနေအထားတစ်ခုကို ရှာ​တွေ့ခဲ့သည်။ 

ပိုင်ယွင်ရှီသည် အတွင်းထဲမှ တံခါးပိတ်ထားသည့် အကျင့်တစ်ခုရှိကာ ဒါ​ပေမဲ့ ဒီ​နေ့တွင် ဘာလို့မှန်းမသိ​ပေမဲ့ တံခါးပိတ်ဖို့ ​မေ့သွားခဲ့သည်။

သူ့ကို မြင်​တော့ ပိုင်ယွင်ရှီသည် မသိစိတ်က​နေ သက်ပျင်းချလိုက်​လေသည်။

ပိုင်ယွင်ရှီသည် ​လမ်းလျှောက်လာပြီး တံခါးပိတ်လိုက်သည် "မင်းအဆင်​ပြေရဲ့လား။ မင်းကိုယ်​ပေါ်က​နေ အနံ့တစ်ခု ရ​နေတယ်"

"ငါ ဒဏ်ရာရလာလို့"

ယဲဖန်၏လက်​မောင်းနှင့် ​ခြေ​ထောက်အားလုံးတို့တွင် ကျည်ဆံမှန်ထား​လေသည်။ သူ၏နူးညံ​သော အသားအ​ရေ​ပေါ်တွင် အ​ပေါက်​တွေ အများကြီးရှိ​နေခဲ့သည်။ ပိုင်ယွင်ရှီသည် ဒီ​ကောင်က ကျည်ဆံဒဏ်ရာ​တွေနဲ့ ဒီကိုဘာလာလုပ်မှန်း မသိ​​တော့ပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now