Unicode
ယဲဖန်သည် အသားကင်ဆယ်ပွဲကို မှာပြီး ပလုတ်ပလောင်းစားနေလိုက်သည်။ ဘေးစားပွဲဝိုင်းက လူတစ်ချို့သည် သူတို့စားပွဲကို ချောင်းကြည့်နေကြလေသည်။
သူ၏ဆာလောင်နေသောသရဲတစ္ဆေကဲ့သို့အသွင်အပြင်ကို ကြည့်ရင်း ပိုင်ယွင်ရှီက ကူကယ်ရာမဲ့စွာဖြင့် "ဖြည်းဖြည်းစား။ လုံလောက်လား။ မလုံလောက်ဘူးဆို ငါ မင်းအတွက် ထပ်မှာပေးမယ်"
ယဲဖန်က သူ့လက်ကို ယမ်းပြရင်း "မလိုဘူး၊ အမှန်တကယ်တော့ အဲ့မိန်းမက ငါပေးထားတဲ့ ကံကြမ္မာပြောင်းပြန်လက်ကောက်ကို ရုပ်ဆိုးတယ်လို့ ပြောချင်နေတာလေ။ ရုပ်ဆိုးတဲ့ မိန်းမတွေက အမြင်ကို မရှိကြဘူး"
ပိုင်ယွင်ရှီ "....." ဒီလက်ကောက်က တကယ်လဲ ရုပ်ဆိုးနေတာပဲလေ။ ဒါပေမဲ့ ယဲဖန်ရဲ့အမြင်ဆိုးဝါးမှုမျိုးနဲ့ သူက ဘာလုပ်လို့ရနိုင်မှာလဲ။
နာမည်ကြီးနာရီများ၊ အဲ့ဒါက သူလိုချင်သလောက် များများဝယ်နိုင်သည်။ ဒါပေမဲ့ ကံကြမ္မာပြောင်းပြန်လက်ကောက်ကတော့ ကွဲပြားပေသည်။ ဒါက သူ့လုံခြုံရေးကို ကာကွယ်နိုင်သည့် ယဲဖန်ဆီက ဖြစ်လေသည်။
"သခင်လေးပိုင်၊ သခင်လေးယဲ ငါတို့ထပ်တွေ့ပြန်ပြီနော်"
ယဲဖန်က ခေါင်းမော့လိုက်ပြီး လမ်းလျှောက်လာနေသည့်လူကို မျက်တောင်ခတ်ကာ ကြည့်လာခဲ့သည်။ ထို့နောက် သူဟာ ရုတ်တရက် တုန့်ပြန့်လာခဲ့သည် "မင်းက လေယာဥ်ပေါ်က လူပဲ"
ပိုင်ယွင်ရှီသည် ယဲဖန်က ချန်စုန်ပင်ကို အမှန်တကယ်သိလို့ အနည်းငယ် အံ့သြသင့်သွားလေသည်။ သူက နိုင်ငံတွင်းရှိ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ပစ္စည်းများစုဆောင်းခြင်းနှင့် လေလံပွဲအမျိုးမျိုးတို့တွင် ပါဝင်ခြင်းတို့ကို ဝါသနာပါလေသည်။
"သခင်လေးယဲ လေလံပွဲမှာ မျက်စိကျနေတာ ရှိလား" ချန်စုန်ပင်က မေးလိုက်သည်။
ယဲဖန်က ခေါင်းခါရင်း "မရှိသေးဘူး။ မင်းရော"
"ငါလား။ ငါနဲ့ ပန်းတိုင်တူလောက်မယ့် လူတစ်ချို့တော့ ရှိလောက်မယ်ထင်တယ်" ချန်စုန်ပင်က ပြုံးရင်း ပန်းချီကားတစ်ချပ်ကို ထုတ်ပြလာခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...