Chapter 3

110 20 7
                                    

တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး တစ်စက်ကလေးမှ လှုပ်လို့မရဘူး..။

ခေါင်းကလည်း သေလောက်အောင် ထိုးကိုက်နေတယ်..။

ခုနကဘာတွေဖြစ်သွားကြသေးတာလဲ..

"ဆောနူရှီး အဆင်ပြေရဲ့လား"
ဒီစကားကိုပဲ ထပ်ခါခါ ကြားနေတယ်..။

သူကဘယ်သူလဲ..။ ဘာတွေဖြစ်သွားခဲ့တာလဲ..။

သေလောက်အောက် ကိုက်နေတဲ့ ခေါင်းကို ကိုင်ရင်း အနည်းငယ်ညည်းညူမိသည်..။

"အ့..ကျွစ်..ကျွစ်"

နေပါဦး..ငါအခုဘယ်ရောက်နေတာလဲ..။

မျက်လုံးက မပွင့်သေးပေမဲ့ အိပ်ရာမတူတာကြောင့် တန်းသိလိုက်သည်..။

ချက်ချင်းပဲ မြန်မြန်ထလိုက်ပြီး..

"အာ..နိုးပြီလား"

မီးဖိုခန်းထဲက ထွက်လာတဲ့ ကောင်လေးကမေးသည်..။

ဒါ..ဒါ..ကော်ဖီဆိုင်က ကောင်လေးမလား..။

ငါကသူ့ဆီဘာလို့ ရောက်နေတာလဲ..။

"ဒါနဲ့ဘာစားမလဲ ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ကျွန်တော်ကဘာလို့ဒီကိုရောက်နေတာလဲ"

သူ့မေးခွန်းကို မဖြေဘဲ မေးခွန်းထပ်ထုတ်လိုက်သည်..။

"အော်..ဟုတ်သားပဲ..အစ်ကိုစျေးမှာလဲနေတာတွေ့လို့ ကျွန်တော်ခေါ်လာတာ.."

hmm..? ဘယ်လို..ဘယ်လို ဘာလို့စျေးမှာလဲ..။

မြို့ပြင်မှာမဟုတ်ဘူးလား..

ဘာတွေလဲ..

ဟို vampireနဲ့တွေ့ခဲ့တဲ့ လူကဘယ်သူလဲ..နောက်ပြီးငါ့ကိုမေးတဲ့တစ်ယောက်ကောပဲ..။

ခေါင်းထဲမှာမေးခွန်းပေါင်း များစွာကနေရာယူပြီ အဖြေက တစ်စက်ကလေးမှ ရှာမတွေ့..။

"အစ်ကို.."

အတွေးနယ်ချဲ့နေတုန်း ကောင်လေးအသံကြောင့် အတွေးများကို ခဏရပ်ထားရသည်..။

"အာ..ကျွန်တော်ကိုစျေးထဲမှာတွေ့လာတာလား"

"ဟုတ်တယ်လေ..အစ်ကိုလဲကျနေတာ လူကလည်း ရှင်းတဲ့နေရာနောက်ပြီး အစ်ကို ကိုယ်မှတ်မိနေလို့ခေါ်လာခဲ့တာ"

𝗕𝗟𝗢𝗢𝗗𝗬 𝗙𝗔𝗧𝗘(𝖲𝖴𝖭𝖲𝖴𝖭)Tahanan ng mga kuwento. Tumuklas ngayon