Intro

315 36 3
                                    

ကြောက်ဖို့ကောင်းလောက်အောင် နက်မှောင်နေတဲ့ ကောင်းကင်က ရှိနေတဲ့လူကိုတောင် မော်မကြည့်ရဲလောက် အောင်ဖြစ်စေတဲ့ အထိ ကြောက်လန့်စေတယ်..။ နေလည်ခေါင်ကြီး ဒီလိုရာသီဥတုမျိုးကို ဘယ်ပညာရှင်ကမှ ဘယ်လိုသီအိုရီ မျိုးကို ရှာဖွေနိုင်မယ်မထင်ဘူး..။ ဘာလို့ဆို ဒါရာသီဥတုကြောင့်မှမဟုတ်တာ..။

ဒီလိုနေ့မျိုးထပ်ရောက်လာခဲ့ပြီ..။
စိတ်ပျက်စွာနဲ့ အိပ်ရာထဲက ထလိုက်ပြီး ရေချိုးခန်းဆီသို့..။ဒီလိုနေ့မျိုးကသူ့အတွက်မရည်မတွက်နိုင်အောင်ရှိခဲ့ပြီ..။ ဥပမာ နှစ်ပေါင်းတစ်သောင်းဆို အခါတစ်ထောင် နှစ်ပေါင်းနှစ်သောင်းဆို အခါနှစ်ထောင်ပေါ့..။

ဒါတွေထားလိုက်ပါ..ပြီးခဲ့တာတွေပြီးပြီ​ပေါ့..။

ကိုယ်လက်သန့်စင်ပြီး အမြဲသောက်နေကြ black coffeeခါးခါးလေးတစ်ခွက်နဲ့ ပြတင်းပေါက်ရှေ့က ခုံလေးမှာ ထိုင် ငေးကြည့်နေမိတယ်..။ ဒီလိုအချိန်မျိုးက အရင်က အကြောင်းတွေပြန်တွေးမိအောင် တူးဆွပေးတဲ့ အချိန်လေ..။

အရင်ကအကြောင်းတွေပြန်တွေးမိရင် ကိုယ့်ကိုပြောင်းလဲအောင် လုပ်ပေးခဲ့တဲ့သူတစ်ယောက်အကြောင်းကအမြဲ ထိပ်ဆုံးကပဲ..။ နှစ်တွေဒီလောက်တောင်ကြာခဲ့ပြီကို.. ဘာလို့အခုထိတောင် မမေ့နိုင်အောင် ဖြစ်နေရတာလဲ..။ ဘယ်နှနှစ်လောက်ရှိပြီလဲ..တွက်ကြည့်ထားရသလောက်ဆိုရင် ရက်ပေါင်း4324638ရက်ရှိပြီ..။ နှစ်နဲ့ဆိုရင်နှစ်ပေါင်း11848နှစ်..။

အင်း..ဘာဖြစ်လို့ ကိုယ်ဒီမှာရှိနေသေးတာလဲ..။ ကိုယ်ဒီကမ္ဘာပေါ်က ထွက်သွားသင့်တာ..။

မင်းနဲ့အတူပေါ့..။




Coming soon...





#10324
#Valeriejiaa

𝗕𝗟𝗢𝗢𝗗𝗬 𝗙𝗔𝗧𝗘(𝖲𝖴𝖭𝖲𝖴𝖭)Where stories live. Discover now