Chapter - 2

20 3 0
                                    

Chapter   ( 2 )

ပြေးထွက်သွားပြီး နာရီ၀က်မျှကြာသောအခါမှ ရှန်းပိုင်မှာ သူမ၏ အိမ်သို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပြန်လာလေ၏ ။

သူမက လှေကားအတက်အဆင်းအနားကိုအချိန်အတော်ကြာစောင့်ကြည့်စစ်ဆေးသည့်အပြင် ငါးမီတာပတ်လည်အတွင်း၌ သံသယဖြစ်ဖွယ်တစ်စုံတစ်ယောက်မှမရှိသည်အထိ အတည်ပြုပြီးသောအခါမှသာ သော့ဖွင့်၍ အိမ်ထဲသို့၀င်လေသည် ။

အိမ်တံခါးကို သေသေချာချာပိတ်ပြီးသောအခါ သက်ပြင်းချလိုက်မိ၏ ။လေနှင့်လွင့်ပါသွားသည့်အသက်လေးပြန်ရောက်လာပြီ ဖြစ်သည် ။

အခန်းအတွင်း၌ အလွန်မှောင်မိုက်နေပြီး ပြတင်းပေါက်များအား လိုက်ကာစများနှင့်ကာဆီးထားလေ၏ ။ မသိလျှင် နေရောင်အထိမခံနိုင်သည့် သွေးစုတ်ဖုတ်ကောင်တစ်ကောင်၏ အသိုက်ကဲ့သို့ပင် ။

ရှန်းပိုင်က မီးမဖွင့်ပဲ အမှောင်ထဲ၌သာ သူမ၏မျက်လုံးကိုကျင့်သားရစေလိုက်သည် ။

ထို့နောက် စားပွဲနားသို့သွား၍ စတိုးဆိုင်တွင်၀ယ်ယူလာရမည့်ပစ္စည်းစာရင်းကိုယူပြီးနောက် အိတ်ထဲမှာ ပစ္စည်းများကိုထုတ်၍ တစ်ခုချင်းစီအသံထွက်စစ်ဆေးနေတော့သည် ။

" အာ "

ရှန်းပိုင်က သူမ၏ နဖူးကိုလက်ဖြင့်ပြန်ရိုက်လိုက်ကာ

" သွားတိုက်ဆေး၀ယ်ဖို့မေ့ကျန်ခဲ့တယ် "

ခဏကြာသောအခါ ...

စလစ်ပါဖိနပ်အပါးလေးကိုစီး၍ ရေချိုးခန်းထဲသို့ဖြည်းဖြည်းချင်း၀င်သွားပြီးနောက် ဘေစင်ရှေ့၌မတ်တပ်ရပ်၍ သွားတိုက်ဆေးဘူးကိုယူကာညှစ်ချလိုက်သည် ။ သွားတိုက်ဆေးဘူး ဖင်မှဖြည်းဖြည်းလိပ်ကာညှစ်ပါသော်လည်း ဘာမှထွက်မလာပေ ။

သူမ မည်မျှပင် အားဖြင့်ညှစ်ချပါစေ လက်များသာနီရဲလာသော်လည်း သွားတိုက်ဆေးထွက်လာမည့်အရိပ်အယောင်မရှိပါချေ ။
ထိုအတိုင်းဆက်ညှစ်နေလျှင် ထွက်လာမည်မဟုတ်သောကြောင့် ဘူး၏ အလယ်ကိုကတ်ကြေးဖြင့်ညှပ်ဖြတ်လိုက်ကာ သွားတိုက်တံဖြင့် အ၀တွင်ကပ်နေသည့်သွားတိုက်ဆေးများကိုကုတ်ယူကာကြည့်လိုက်သည် ။

Orginal Flavour and 30% Sweet Where stories live. Discover now