Episode 4

56 4 2
                                    

"ဒေါက် ဒေါက် ဒေါက်!"

တံခါးခေါက်သံကြားတာမို့ ရောင်နီအခန်းထဲ၌ အဝတ်အစားလဲအပြီးးလက်ဆောင်ထုတ်လေးတွေနေရာတကျပြန်စီနေရင်းမှ အလျင်အမြန်ထကာ တံခါးသွားဖွင့်ပေးလိုက်သည်။

"အော် james.."

"အောက်မှာမနက်စာပြင်ပြီးသွားပြီ...လုပ်စရာပြီးရင်ဆင်းခဲ့တော့နော်.."

"အင်းး...ခနနေဆင်းခဲ့မယ်.."

"okay....ဆင်းနှင့်ပြီနော်...အောက်မှာစောင့်နေမယ်"

"အင်း...."

Jamesအောက်ဆင်းသွားတာနဲ့ရောင်နီလုပ်လက်စတို့ကိုအပြီးသတ်ပြီး ဆွယ်တာအဖြူရောင်လေးတစ်ထည်ထက်ဝတ်လိုက်သည်။ အခန်းအပူချိန်နှင့်သာ နွေးနေတာ အောက်ဆင်းလိုက်ရင်တော့ရောင်နီတို့ ကယားပြည်နယ်ဆောင်းရာသီနဲ့ဆိုအတော်လေးအေးသည်။ ပုံမှန်ဝတ်ထားတဲ့ အဝတ်အစားလေးကအဝါနုရောင် တီရှပ်နဲ့ အဖြူရောင်ဘောင်းဘီရှည်ဆိုတော့ ဆွယ်တာဖြူဖြူလေးထက်ဝတ်လိုက်တာနဲ့ရောင်နီကနတ်သားလေး အလားပင်။

အရောင်နုနုလွင်လွင်လေးတွေကိုသာနှစ်သက်တတ်သောရောင်နီက သူဝတ်မြဲအတိုင်းသာဝတ်ပေမဲ့

သူ့ဖြစ်တည်မှုကိုက မြင်သူတိုင်းအဖို့ အေးချမ်းလွန်းလှသည်လေ..။

"သားလေး...လာ မေမေမနက်စာပြင်ထားတယ်.."

"ဟုတ်..မေမေ..."

ရောင်နီမှလွဲထင်ရှားနဲ့James အပါအဝင် ဖေဖေပါစားပွဲဝိုင်းမှာရောက် နေပြီမို့ ရောင်နီစားပွဲကိုအပြေးလေးသွားမိသည်။ ရောင်နီ့ကိုစောင့်နေရတာကြာသွားသလားမသိ။

"သားကိုစောင့်နေရတာကြာသွားလားမေမေ...."

"မကြာပါဘူး သားရယ်...သားဖေဖေ လည်း ခုမှ ထိုင်တာ..ထင်ရှားနဲ့Jamesကတော့ မေမေ့ကိုမနက်စာ ပြင်တာ ဝိုင်းကူချင်လို့ပါဆိုတာနဲ့မီးဖိုချောင်အစောကြီးဝင်ကြတယ်..."

" ညက အိပ်လို့ပျော်ရဲ့လား.. သား.."

"အိမ်ပြန်ရောက်ပြီမို့ကောင်းကောင်းအိပ်လို့ပျော်ပါတယ်ဗျ..... ဖေဖေရော.."

"ဖေဖေကတော့ ညတိုင်းအိပ်လို့ပျော်တယ်...."

ရောင်နီကတော့ခေါင်းလေးတစ်ညိတ်ညိတ်ဖြင့်။

အေးချမ်းခြင်း၏ ပြယုဂ်Where stories live. Discover now