Episode 1(B)

86 4 2
                                    

ရောင်နီအိမ်မှာလုပ်စရာအားလုံးပြီးတာနဲ့မေမေတို့ဆီသွားဖို့ပြင်ဆင်ရသည်။ရေချိုးဖို့အတွက်ရေချိုးခန်းထဲဝင်ဖို့အလုပ်
"ring ring ring......"
မြည်လာတဲ့ဖုန်းသံကြောင့်ဖုန်းကိုယူကြည့်လိုက်တော့contact nameမှာ"စောထင်ရှား"ဆိုတဲ့နာမည်ကြောင့်တစ်ချက်ပြုံးကာကိုင်လိုက်ပြီး....
"hello ထင်ရှား"

"ရောင်နီ....ဒီနေ့သွားမယ်မလား"

"အင်း..သွားမှာလေ..မင်းတို့လိုက်မယ်ဆို"

"အေး Jamesလည်းရောက်နေပြီဘယ်တော့လောက်လာခေါ်ရမလဲ"

"အခုလာရင်တော့နည်းနည်းစောင့်ရမယ်ရေမချိုးရသေးဘူး"

"လာခဲ့မယ်လေစောင့်ရမယ်ဆိုလည်းစောင့်မယ်"

"သဘောပါ လာခဲ့"

"okay အဲ့ဒါဆိုဒါပဲရောင်နီ "

"အင်း ခဏနေတွေ့မယ်"

ထင်ရှားဖုန်းချသွားတာနဲ့ရောင်နီရေချိုးဖို့လုပ်ရတော့သည်။မေမေတို့ဆီသွားတယ်ဆိုတာထက်ရောင်နီတို့သုံးယောက်ရဲ့မွေးရပ်မြေကိုခဏပြန်မယ်ဆိုပိုမှန်ပါမည်။ထင်ရှားနဲ့jamesကငယ်ငယ်လေးကတည်းကရောင်နီနဲ့မခွဲအတူပေါင်းလာခဲ့သည့်သူငယ်ချင်းတွေဖြစ်၏။ထင်ရှားက​ ကရင်ပြည်နယ်မှာမွေးသည့် ကရင်သားစစ်စစ်ဖြစ်သော်ငြား မိသားစုလိုက် ရောင်နီတို့မြို့လေးကို ရွှေ့ပြောင်းလာကြရာမှ ကယားပြည််နယ်မှာ ကြီးပြင်းခဲ့သည်။Jamesကတော့ ရောင်နီ့ထက် နှစ်လသာကြီးသည့် မွေးရပ်မြေတူသူငယ်ချင်းဖြစ်သည်။

ကလေးအရွယ်မှာလည်းSunday Schoolတူတူတက်ခဲ့သလိုလူငယ်ဖြစ်လာပြန်တော့လည်းဘုရားကျောင်းရဲ့အားကိုးရာလေးများဖြစ်ခဲ့သည်။အခုလည်းမြို့ကြီးမှာUniလာတက်ရခြင်းကြောင့်ခွဲရတာကြာပြီဖြစ်သည့်ဇာတိကိုရောင်နီကပြန်လည်မည်ဆိုသောအခါထင်ရှားတို့နှစ်ယောက်ကသဘောတူကာအတူလိုက်ပါကြသည်။

ရောင်နီရေချိုးပြီးတာနဲ့လည်ပိတ်ရှပ်လက်ရှည်အဖြူရောင်လေးတစ်ထည်နဲ့စတိုင်ပန်အပါးသားအနက်ရောင်လေးကိုတွဲဖက်ဝတ်ဆင်လိုက်သည်။ပြီးတာနဲ့အမြဲတမ်းအတွက်ရောင်နီဝတ်နေကျမီးခိုးရောင်သိုးမွေးဦးထုပ်လေးဆောင်းအပြီးမှာတော့ရောင်နီ့အတွက်ဆောင်းရာသီဖက်ရှင်လေးပြီးပြီဖြစ်သည်။

အေးချမ်းခြင်း၏ ပြယုဂ်Where stories live. Discover now