Episode 3

62 4 1
                                    

"ရောင်နီ.....ရောင်နီ.."

"ဟင်.."

လေးလံနေတဲ့မျက်ခွံတွေကို အားယူပြီးဖွင့်ကြည့်တော့ သူ့ကိုပခုံးကနေ သာသာလေးလှုပ်နှိုးနေတဲ့James။သူ့ပုံစံကအခု အိပ်ချင်မူးတူး ပုံစံလေးဖြစ်နေလေတဲ့အခါ Jamesကပြုံးကြည့်လာသည်။

"မြို့ထဲဝင်နေပြီ..."

"ဟုတ်လား.."

Jamesကပြောလာတော့မှ ကားမှန်ကနေအပြင်ကိုလှမ်းကြည့်မိသည်။ တကယ်ပင်ရောင်နီတို့မြို့အဝင် တောင်ရောက်နေပြီ။ မနက်ကလည်းအိပ်ရေးဝပါရက်နဲ့ ကားပေါ်မှာဒီလောက်တောင် အိပ်လိုက်လာမိသည်ကိုလည်းရောင်နီ ကိုယ့်ကိုယ်ကိုအံသြမိသည်ပင်။ တော်ရုံ ခရီးသွားတိုင်းကားပေါ်မှာ အချိန်ပြည့်အသိစိတ်ကပ်နေတတ်တာ Driverအပြင်ရောင်နီပဲရှိသည်။ ဒီနေ့တော့ခရီးဝေးတာနဲ့ နားကြပ်တပ်သီချင်းဖွင့်ကာ မှိန်းရင်းလိုက်ပါလာရာမှ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားသည်။

Driver Seat မှာတော့ထင်ရှားရှိကာ ကားမောင်းခြင်းကိုတာဝန်ယူသည်။ တကယ်တော့ခရီးတစ်ထောက်နားတိုင်းDriver ပြောင်းသည်။ ထင်ရှားနဲ့Jamesကတစ်လှည့်စီ မောင်းလိုက်နားလိုက်ဖြင့်သာ။ ရောင်နီ့ကိုတော့ တစ်ယောက်မှမခိုင်းကြ ။
မောင်းပေးမယ်ပြောရင်တောင် ရောက်တော့မယ် မောင်းမနေနဲ့တော့ဟုသာပြောကြသည်ပင်။ သူတို့လုပ်ပုံမှာလည်း ရောင်နီ့ကိုဘာမှ မလုပ်တတ်တဲ့ကလေးတစ်ယောက်လို။ ရောင်နီကိုယ်တိုင်လည်းသူငယ်ချင်းနှစ်ယောက်ကို နေသားကျသွား၍ထင်သည် ထူးထွေ ဘာမှပြောမနေတော့။

မြို့ထဲကိုဝင်လာတာနဲ့ လက်ဖက်စိုက်ခင်းစိမ်းစိမ်းလေးတွေကိုအရင် တွေ့ရသည်။ မရောက်ဖြစ်တာကြာပြီမို့ မြို့ပြနဲ့ထိတွေ့မှုသာများနေသောရောင်နီ အဖို့တော့ကိုယ့်မွေးရပ်မြေကတောင် အသစ်အသစ်များဖြင့်အေးချမ်းလွန်းနေသလိုပင်။
တစ်ဖြည်းဖြည်းမောင်းဝင်လာရင်းဘုရားကျောင်းကိုလှမ်းမြင်နေရပြီ။ ဒါဟာရောင်နီတို့မြို့ကလေးမှာ ရှိတဲ့တစ်ခုတည်းသောဘုရားကျောင်းဖြစ်သည်။

ဘုရားကျောင်းရှေ့ရောက်တော့ထင်ရှားကမေးလာသည်။

"ဝင်နှုတ်ဆက်ဦးမလား .... လက်ဆောင်တွေလည်းပါလာတယ်ဆိုတော့ တစ်ခါတည်းပေးချင်ရင်ကားရပ်လိုက်မယ်"

အေးချမ်းခြင်း၏ ပြယုဂ်Where stories live. Discover now