အပိုင်း(18)

1.5K 104 3
                                    

ကုတင််ပေါ်မှာ ဖျော့တော့စွာ လှဲလျောင်းနေသော မိုရာ့ကိုကြည့်ပြီး ခါရူးခုထိ စိုးရိမ်ပူပန်နေရတုန်းဖြစ်သည်။ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကိုလဲ သေချာစွာ ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ ထိုအရာကတော့ မိုရာ့ကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူးဆိုတာပင် ဖြစ်သည်။ခုနက မိုရာ လဲကျသွားတော့ ခါရူး ပြာယာခတ်သွားတာ အမှန်ပင်။.အချိန်မှီ ထိန်းလိုက်နိုင်ပေမဲ့ရင်ခွင်ထဲကို ပျော့ခွေစွာကျလာတဲ့ကိုယ်လုံးသေးသေးလေးကို ပွေ့ချီပြီး အပေါ်ကိုသာ အမြန်ပြေးတတ်သွားလိုက်သည်။ဆေးဆရာ မလာမချင်းလဲ ရတတ်မအေးနိုင်။အတွေးထဲ မိုရာသာ တစ်ခုခု ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးကသာကြီးစိုးနေခဲ့သည်။

ဆေးဆရာ ရောက်လာလို့ စမ်းသပ်ပြီးပြောတဲ့စကားကိုကြားရတော့လဲ  ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျရတဲ့အထိ။ အစာမစားရသေးလို့အားနည်းပြီး ဖြစ်တာဆိုတော့ ကိုယ့်ဘာသာ ဒေါသထွက်ရသေးသည်။ နောက်ဆို ဒီခန္ဓာကိုယ်သေးသေးလေးကို အားရှိအောင်တစ်နေ့တစ်မျိူး မရိုးကျွေးရမည်။ ဆေးဆရာ ပြန်သွားတော့ ဘေးနားမှာဘီဘီရော ကီကီရှိနေတော့ သိချင်တာကိုမေးဖို့ဟန်ပြင်လိုက်သည်။.ချန်ကတော့ ဆေးဆရာကို ပြန်လိုက်ပို့နေလို့ မရှိပေ။

"ဘီဘီ နဲ့ ကီကီ ''

"ဟုတ်ကဲ့...ရှိပါတယ် သခင်''

"ငါမေးစရာရှိတယ်  မျိုးနွယ်စု သခင်တစ်ယောက်က မေးတာ မို့လို မထိန်ချန်ပဲ အကုန်ပြောပြရမယ်''

ခါရူးလဲ ​ပြောလိုက်ရော နှစ်ယောက်လုံး တစ်ယောက်တစ်ပြန်ပြန် ကြည့်ပြီး နည်းနည်တော့ထိတ်လန့်သွားသည်။.အဲ့လိုမှ မမေးရင်လဲ ဖြေမှာမဟုတ်တာ.သိနေသည်။.သူတို့သခင်မ အပေါ် ဘယ်လောက်သစ္စာရှိပြီးဘယ်လောက် နှုတ်လုံ လဲဆိုတာ ခါရူး အသိဆုံးဖြစ်သည်။ မျိုးနွယ်ရဲ့သခင်က မေးတယ်ဆိုရင်လိမ်ညာဖြေလို့မရ လိမ်ရင် အပြစ်ဒဏ်ပေးခံရမှာဆိုတာသိနေတော့ လိမ်ရဲမှာမဟုတ်ပေ။

"ဟုတ်.... ဟုတ်ကဲ့ မေးပါ သခင် အမှန်တိူင်းဖြေပါ့မယ်''

"နေ့လည်က မိုရာ ငါ့ဆီ ကို လာတယ်မလား''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now