Chapter 64

2.4K 409 26
                                    

Chapter 64

ညအချိန်တွင် လမင်း၏ အလင်းရောင်မှာ သစ်ကိုင်းများပေါ်သို့ဖြာကျနေသည်။

ဧကရာဇ်၏ အိပ်ဆောင်အတွင်း၌ တိတ်ဆိတ်နေသည်။

ခန်းဆီးနောက်၌ ပုံရိပ်လေး တိတ်တဆိတ်ပေါ်လာကာ အိပ်ရာပေါ်မှပုံရိပ်ကို ချောင်းကြည့်လိုက်သည်။

ဧကရာဇ်ယွင်ယွီက အိပ်ရာပေါ်တွင် အိပ်ပျော်နေကာ မျက်ခုံးများပြေလျော့နေသည်။ ဆံနွယ်စိတ်စိတ်များက ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေလျက် စောင်ဖြင့် ဖုံးအုပ်ထားသည်။ သူ၏ ပတ်ပတ်လည်ရှိလေထုမှာ သက်သောင့်သက်သာ ရှိနေသည်။

ရှန်းလျိုရှန့်မှာ ဧကရာဇ်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို စောင်အောက်တွင်နေရာချလိုက်ကာ  ကျောက်စိမ်းပြား ချိတ်ဆွဲထားသည့် နေရာသို့ တိတ်တဆိတ်ပင် ရွေ့လာသည်။

သူ အသက်ရှူအောင့်လျက် ဂရုတစိုက်ပင် အိပ်ရာပေါ်သို့တက်လာသည်။ သူ၏ လက်ချောင်းထိပ်များက ကျောက်စိမ်းပြားဆီသို့ ထိလုနီးပါးပင်။

ဂျွတ်ခနဲ အသံမှာ ကျယ်လောင်စွာ ကြားလိုက်ရသည်။

အခန်းတံခါးမှာ ခေတ္တမျှပွင့်သွားကာ ချက်ချင်းပင် ပြန်ပိတ်သွားလေသည်။

ဆူဆူညံညံအသံကို ကြားလိုက်ရသဖြင့်  လှည့်ပတ်စစ်ဆေးနေသော အစောင့်များ အလျင်အမြန်ရောက်လာသောအခါ သစ်ပင်ပေါ်တွင် ဇောက်ထိုးဖြစ်နေသော ရှန်းလျိုရှန့်အားမြင် လိုက်ရလေသည်။

" မင်း မင်းသားလေး မင်းသားလေး အဲ့မှာ ဘာလုပ်နေတာလဲ..."

သစ်ပင်ပေါ်သို့ မမျှော်လင့်စွာ လွှတ်ပစ်ခံရပြီးနောက် ရှန်းလျိုရှန့်က သစ်ကိုင်းတစ်ဖက်ကို ခြေထောက်ဖြင့် ချိတ်တွယ်လိုက်ကာမြေကြီးပေါ်သို့ ခေါင်းဖြင့် မပြုတ်ကျရန် တားဆီးနိုင်ခဲ့သည်။ ထို့နောက် အားစိုက်ထုတ်၍ သစ်ကိုင်းကို ဖမ်းကိုင်ကာ ကိုယ်ကို ပြန်မတ်လိုက်သည်။

သူ အသက်ပြင်းပြင်းရှူ၍ အောက်သို့ငုံ့ကြည့်လိုက်သည်။

"လန့်စရာ မလိုပါဘူး...ပြောင်းပြန်ချိတ်ဆွဲခြင်းမန္တန်ကို လေ့ကျင့်နေတာ..."

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now