၁၁

1.1K 115 24
                                    

Fourth တစ်ကိုယ်လုံးကို တင်းကြပ်နေအောင်ပွေ့ဖက်ရင်း နှုတ်ခမ်းကို ကလေးလေးတွေသကြားလုံးအရသာခံသလို ခပ်ဖြေးဖြေးချင်းငုံထွေးနေတဲ့ သူကြီးသားလေးဟာ တစ်ခါမှရည်းစားမထားဖူး အနမ်းမခြွေဖူးမှန်းတကယ်ကိုသိသိသာသာ.....

Fourth ရဲ့နှုတ်ခမ်းပါးလေးကို အပေါ်အောက်တစ်လှည့်စီ ထိတွေ့ရင်း မနမ်းတတ်နမ်းတတ်နဲ့ နမ်းနေတာလေးကို အသဲယားလွန်းလို့ ရင်တွေခုန်နေရင်းကပင် Fourth ရယ်ချင်လာသည်မှာ ဘယ်လိုမှထိန်းမရ.....

feel ကျဲသွားမှာစိုးလို့ရယ်ချင်တာကိုအောင့်ထားပေမယ့် သက်ပြင်းတစ်ချက်ချရင်း Fourth ရဲ့အပေါ်နှုတ်ခမ်းလေးကို မထိတထိစုပ်ယူလိုက်တဲ့အခါမှာတော့ Fourth လည်းအောင့်မထားနိုင်စွာပြုံးလိုက်မိလေတော့သည်....
နူးညံ့လွန်းရုံတင်မက ဖြူစင်လွန်းတဲ့အနမ်းနုနုလေးတွေက Gemini Norawit ဆန်စွာပဲ ရိုးရိုးစင်းစင်း သိမ်သိမ်မွေ့မွေ့နဲ့အသဲအေးစရာ.…....

သိပ်ချစ်ဖို့ကောင်းတာပဲ ငါ့တောသားလေးရာ.......

"ဘာရယ်တာလဲ"

နမ်းနေတာကိုရပ်ပြီး Fourth ကိုမျက်မှောင်ကြီးကျုံ့ကာ မေးဆတ်ပြလာပုံက သူ‌မနမ်းတတ်တာကိုလှောင်လို့ မကျေမနပ်ဖြစ်နေတဲ့ပုံ......

တကယ်က Fourth လှောင်တာမဟုတ်ပါဘူး.....အူယားလွန်းလို့ပြုံးမိသွာတာ.....

"မင်း တစ်ခါမှမနမ်းဖူးဘူးမလား Gem"

"အင်းလေ ကိုယ် မှရည်းစားမထားဖူးတာ"

Fourth ရဲ့ပြုံးစိစိအမေးကို အူတူတူလေးပြန်ဖြေး‌ပေးလာလေရဲ့......

Fourth ရဲ့ handsome man ကြီးကအခုလိုလေးကျတော့ အကောင်ပေါက်စလေးလိုပဲ အူလည်လည် ကြောင်တတ်တတ်လေး......

"အဲ့ဒါကြောင့်နမ်းတာက ကလေးလေးသကြားလုံးစားသလိုဖြစ်နေတာ"

"ကိုယ့်ရဲ့ Fourth လေး ကရည်းစားထားဖူးတယ်ပေါ့"

"ထားဖူးတာပေါ့ကွ"

စနောက် ချင်စိတ်နဲ့အတူ ခပ်မြူးမြူးလေးပြန်ဖြေပေးလိုက်မိတော့ ခါးကိုတင်းနေအောင်ပွေ့ဖက်ထားရက ပြေလျှော့သွားတဲ့လက်ချောင်းရှည်ရှည်လေးတွေ......

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Feb 26 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ကျွန်တော့်ရည်းစား သူကြီးသားNơi câu chuyện tồn tại. Hãy khám phá bây giờ